အခန်း 23-2

247 33 11
                                    

အခန်း ( ၂၃ ) အပိုင်း ၂

မနာလိုခံရသည့် ချန်ရှောက်ရှန်းသည် အခုအချိန်တွင် ပျော်ရွှင်စိတ်လှုပ်ရှားမှုကြောင့် မျက်နှာလေး ရဲနေသည်။ အဲ့ဒီဖြေဖျော်သူတွေဟာ ကြိုးအမြင့်ကြီးပေါ်တွင် ခုန်ရင်း လေထဲတွင် လွတ်လွတ်လပ်လပ် လှုပ်ရှားနေကြသည်။ ခဏနေရင် ပန်းကန်လုံးတွေကို ဇောက်ထိုးကိုင်လိုက် ခဏကြာရင် တိုင်ပေါ်က ခုန်ချလိုက်နှင့် သူမက တစ်ခါမှဒီလို အနီးကပ် မမြင်ခဲ့ဖူးဘူး။

မီးမှုတ်သရုပ်ပြနေသည့် လူများလည်း ရှိသည်။  အမေချန်ဟာ အနားကပ်လွန်းသွားသောကြောင့် ဆံပင်မီးစွဲလုနီးပါးပဲ။ ချန်ရှီက အမြန်အမေချန်ကို နောက်သို့ဆွဲလိုက်ပြီး အစေခံတွေကို အမေချန်အား တင်းတင်းကြပ်ကြပ် ကိုင်ထားရန် ခိုင်းစေလိုက်သည်။ ကိုယ်တိုင်ကတော့ ချန်ရှောင်အိုးကိုခေါ်ကာ ပုခုံးပေါ်တင်ပြီး ခေါင်းပေါ်ကနေ ကြည့်ခိုင်းသည်။ ချန်စုန့်ကလည်း ဥပမာယူကြည့်သည်။ ဒါပေမဲ့ ချန်ရှောင်ကျုဟာ မနည်းဝလာသောကြောင့် သူကဒယိမ်းဒယိုင်ဖြစ်သွားကာ ညီအကိုနှစ်ယောက်လုံး ပြုတ်ကျလုနီးပါးပဲ။ ရယ်စရာကောင်းပြီး သခင်မဆန်းနှင့် ရှောက်ရှန်းကို တဟားဟား ရယ်စေသည်။

အကုန်လုံး၏ ဆူညံစွာ အော်ဟစ်အားပေးသံထဲတွင် သခင်မဆန်းသည် အတည်ငြိမ်ဆုံးဖြစ်သည်။ သူမဟာပြုံးရင်း ရှောက်ရှန်းနှင့် စကားပြောနေသည်။ ရှောက်ရှန်းက အားပေးရင်း တစ်ဖက်ကလည်း သူမကို ဘာဖြစ်လို့ ဖုန့်ရှီအဆောက်အဦးကို မသွားတာလဲလို့ မေးလိုက်သည်။ ပြောကြတာတော့ သခင်မဆန်းက တကယ့်ကို စာပေပညာတတ်တဲ့။ မထင်မှတ်ပဲ သခင်မဆန်းက နောက်ပြောင်ကာ ပြောလိုက်သည်။

''စာအုပ်ကြီးအတိုင်း လိုက်တဲ့စာသင်သားတစ်ယောက်ကို တွေ့တာတောင် လူကိုလုံလုံလောက်လောက် ခေါင်းမူးစေပြီ။ စာအုပ်ကြီးအတိုင်း စာသင်သား တစ်ထပ်လုံးသာတွေ့ရရင် မူးမေ့မသွားလောက်ဘူးလား´´

ရှောက်ရှန်းက သူမ၏ ပါးစပ်ကိုအုပ်ကာ ပြုံးလိုက်သည်။ ချန်မိသားစုက လူတွေအကုန်လုံးထဲမှ သူမသဘောအကျဆုံး လူတွေထဲတွင် အခုသခင်မဆန်းကိုပါ ပေါင်းထည့်ချင်သည်။ အကြီးဖြစ်သော်လည်း သူတို့နှစ်ဦးဟာ သက်တူရွယ်တူကဲ့သို့ ရယ်မောပြောဆိုလို့ရသည်။ သူမအရင်ဘဝက အခန်းဖော်တွေနှင့်တောင် ဒီလို နှောင်တွယ်မှုမျိုး မရှိခဲ့ဖူးဘူး။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now