အခန်း 38-2

142 27 2
                                    

အခန်း ( ၃၈ ) အပိုင်း ၂

အခြားလှည်းတစ်ခုထဲမှာတော့ ချန်ကျီဟာ ဇနီးဖြစ်သူနှင့် စကားတွတ်ထိုးနေသည်။

''အစ်မယွမ်ယီးက ဘာလို့ဒီနေ့ ထွက်မလာတာလဲ။ သူကဒီလို ယဥ်ကျေးမှုမရှိတဲ့ ကိစ္စမျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး´´

သခင်မဆန်းက ခင်ပွန်းဖြစ်သူကို စိုက်ကြည့်လိုက်သည်။

''ရှင်းရှင်းလင်းလင်း ကိစ္စကို ရှင်ကဘာမေးနေတာလဲ"

ချန်ကျီက ထပ်ကာပြောသည်။

''အဲ့နေ့က ကိုယ်တို့က ဆယ်ချက်လို့ သဘောတူထားတာမလား? သုံးလေးချက် ကျန်သေးတာကို အစ်မက ဘာဖြစ်လို့ ခွက်ကိုခွဲလိုက်တာလဲ?´´

သခင်မဆန်းက လေသံတောင် မပြောင်းပဲနှင့် ပြောသည်။

''ရှင်းရှင်းလင်းလင်း ကိစ္စကို ရှင်ကဘာမေးနေတာလဲ"

ချန်ကျီက ဇနိီးဖြစ်သူကြောင့် ရယ်လိုက်သည်။

''မင်းပြောကြည့် ကိုယ့်တို့ ညောင်ညောင်ကို ပြောပြကြမလား။ သူတို့ သားအမိတွေရဲ့ တင်းမာမှုတွေ လျော့သွားအောင်လို့ ´´

သခင်မဆန်းက ပြောသည်။

''ရှင်ဘယ်လိုပြောမှာလဲ? ' ညောင်ညောင် မင်းရဲ့အဖေက မင်းကို အစတုန်းက ဆယ်ချက်ရိုက်မလို့။ မင်းအမေက စိတ်ပျော့ပြီးတော့ သုံးချက်လျော့ရိုက်လိုက်တယ်။ မင်းမပျော်ဘူးလား´ လို့လား´´

သူမက ခင်ပွန်းသည်ရဲ့ လေသံကို လိုက်ပြောပြီး မျက်စောင်းထိုးလိုက်သည်။

''ရှင်တကယ်ပဲ အဲ့ဒါကို ပြောရင် သူတို့သားအမိက အဆင်ပြေမလားတော့ ကျွန်မမသိဘူး။ ဒါပေမဲ့ သူတို့သားအဖကတော့ သေချာပေါက် အဆင်ပြေမှာ မဟုတ်ဘူး။ အဲ့ဒီအခါကျရင် အကိုကြီးကရှင့်ကို အစိမ်းလိုက် ဘယ်လိုမီးကင်ပစ်မလဲ ဆိုတာကိုကြည့်နေ´´

ချန်ကျီက အောက်နှာခမ်းကို စူလိုက်သည်။

''ကောင်းပြီလေ ဒါဆို မပြောတော့ဘူး။ ကိုယ်နောင်ကျရင် ညောင်ညောင်ကို သွားဖျောင်းဖျလိုက်မယ်။ အမေနဲ့အမြဲတမ်း စကားများမနေနဲ့လို့´´

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now