အခန်း 26 - 1

183 22 0
                                    

အခန်း ( ၂၆ ) အပိုင်း ၁

ရှောက်ရှန်းက အမြန်သွားရင်း တစ်ဖက်ကလည်း ကျိန်ဆဲနေသည်။ လူရမ်းကားလုပ်ခဲ့တဲ့သူက ပြောတဲ့အတိုင်း သေချာပေါက် လုပ်ရမှာလား။ ခုနကတုန်းက ရှောင်လို့ရဖို့အတွက် ပါးစပ်က ဒီအတိုင်း သဘောတူခဲ့သည်။ ဓားပြက '' မလုပ်နဲ့ ပိုက်ဆံထုတ်ပေး ´´ လို့ ပြောသလိုပေါ့။ မဟုတ်မှလွဲရော နင်ကတကယ်ပဲ မလှုပ်တော့လို့လား။

ရှောက်ရှန်းက အခုချိန်မှာ စိတ်ဓာတ်မကျတော့ပဲ စားသောက်ပွဲသို့ လိမ်လိမ်မာမာပဲ ပြန်လာသည်။ ချန်ယန်းက သူမတွေ့ကိုတွေ့တာနဲ့ အလွန်ပျော်ရွှင်သွားပြီး သူမကို သူ့ဘေးသို့ လှမ်းဆွဲကာ ထိုင်ခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပဲ တတွတ်တွတ်ရေရွတ် နေသေးသည်။

''ဒေါ်လေးက ခုနကလေးတင် လာကြည့်သေးတယ်။ ငါက နင်အဝတ်သွားလဲတယ်လို့ ပြောလိုက်တယ်´´

''ကြည့်ရတာ စားသောက်ပွဲက စတော့မယ်။ တကဟမလို့ နင်သာပြန်မလာသေးရင် အဒေါ်သိသွားလို့ကတော့ နင့်ကိုထပ်ပြီးပြော…´´

ချန်ယန်းက စိုးရိမ်ကာ နဖူးတွင် ချွေးစို့နေသည်။ သူမက အခုဆို ဒီသားအမိတွေ ရန်ဖြစ်မှာကို တကယ့်ပဲ ကြောက်နေပြီ ဖြစ်သည်။ ရှောက်ရှန်းက သူမရဲ့ သားမွှေးခြုံလွှာကို ချွတ်ပြီး အစေခံကို ကမ်းပေးလိုက်သည်။ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ မိန်းမငယ်လေးတွေကို တစ်ချက်ကြည့်လိုက်ပြီး  စူးစမ်းစွာမေးလိုက်သည်။

''သူတို့ အကုန်လုံးက ညီမကို မပြောကြဘူးလား?´´

ချန်ယန်းက နှာခမ်းကို ကိုက်လိုက်ပြီး အသံတိုးတိုးလေး ပြောလိုက်သည်။

''သူတို့ လုပ်ရဲလား? ´´

''ငါ တစ်ခါတည်း သူတို့က နင့်ကို စိတ်ဆိုးထွက်သွားအောင် လုပ်တဲ့အကြောင်းကို ပြောပြလိုက်မယ်´´

သေချာတာပေါ့ အဲ့ဒီကောင်မလေးတွေက တစ်ယောက်မှထပ်ပြီး ရှောက်ရှန်းကို မလှောင်ပြောင်ရဲတော့ပဲ စားသောက်ပွဲရဲ့ အခြေအနေဟာ ထင်မှတ်မထားလောက်အောင် သဟဇာတ ဖြစ်နေသည်။ အကုန်လုံးက ခုနက မပျော်ရွှင်စရာ အဖြစ်အပျက်တွေက တစ်ခါမှ မဖြစ်ခဲ့သလို ဟန်ဆောင်ပြီး ထိခိုက်မှု မရှိတဲ့ မိန်းမပျိုလေးတွေ အတင်းအဖျင်း အချို့ကို ပြောနေကြသည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now