အခန်း 35 - 1

125 23 1
                                    

အခန်း ( ၃၅ ) အပိုင်း ၁

သခင်မကြီးဝမ့် ခန့်မှန်းသည်မှာ မှန်ကန်သည်။ အဲ့ညမှာ ဝမ့်ချီးချီးက တကယ်ပဲ ရှောက်ရှန်းနှင့် အိပ်ရာတစ်ခုတည်းမှာ အိပ်သည်။ ပန်းရောင်ပန်းထိုးလေးနှင့် ညဝတ်ပိုးအင်္ကျီပါးလေးကို လဲလှယ်ပြီးသည့်အခါမှာ ဝမ့်ချီးချီးက ထပ်ပြီး ရွှေဆွဲပြားကို လည်ပင်းမှာ ဝတ်ချင်နေသည်။ ရှောက်ရှန်းက ထပ်ပြီး သည်းမခံနိုင်တော့ပဲ တားမြစ်ကာပြောသည်။

''ဦးလေးက ခုနကပဲ နင့်ကိုလျှော့ဝတ်ဖို့ ပြောသေးတယ်မလား´´

ဝမ့်ချီးချီးက မတရား စွပ်စွဲခံရသည့်ဟန်ဖြင့် ပြောသည်။

''ငါက အစတုန်းက ရွှေဆွဲပြားနဲ့ ကျောက်စိမ်းပုတီး ဝတ်ချင်တာကို´´

ရှောက်ရှန်းက သက်ပြင်းချ၍ အိပ်ရန်လှဲချလိုက်သည်။ ညဘက်မှာ လူတစ်ယောက်မှ မရှိပဲ တီးတိုးစကားပြောဖို့ အချိန်ကောင်းဖြစ်သည်။ ရှောက်ရှန်းက အမြန် သခင်မကြီးဝမ့်၏ မျက်လုံးနှင့်နားက ဘယ်လိုဖြစ်တာလဲဆိုသည့် အကြောင်းကို မေးလိုက်သည်။ ဝမ့်ချီးချီးက ထူးဆန်းစွာ ပြောသည်။

''ဒါက လျို့ဝှက်ချက်မှ မဟုတ်တာ နင်မသိဘူးလား´´

အမှောင်ထဲမှာ ရှောက်ရှန်းက အသံကိုသုံးပြီး သရုပ်ဆောင်ကာ ပြောသည်။

''ပထမဆုံး အနေနဲ့ အိမ်မှာ အကြီးတွေ အကြောင်းကို ဝေဖန်ခွင့် မရှိဘူး။ ဒုတိယ အချက်အနေနဲ့ .... ဘယ်သူမှ ငါ့ကို ပြောမပြဘူး´´

ဝမ့်ချီးချီးက ရုတ်တရက် ချန်မိသားစုဟာ ရိုးသားကြင်နာတဲ့ မိသားစုဟု ခံစားလိုက်ရပြီး အသေးစိတ် ပြောပြသည်။

''အဲ့အချိန်တုန်းက အဖေက ၁၀နှစ်တောင် မပြည့်သေးဘူး။ အဖိုးက အလျှင်စလိုနဲ့ ထွက်သွား( သေဆုံး ) ခဲ့ပြီး ယုံကြည်ရတဲ့သူကို မအပ်နှံခဲ့ရဘူး။ ဒါ့ကြောင့်မို့လို့ မျိုးနွယ်ခွဲတွေက အိမ်ကိုရောက်လာပြီး အဖွားက အဆင့်အတန်း နိမ့်ပါးပြီး အစတည်းက သင့်တော်တဲ့ လက်ထပ်ပွဲ မဟုတ်ဘူး။ အဖေကို သူတို့ပျိုးထောင်ဖို့ အမြန်ပေးပြီး အဖွားကိုတော့ ကိုယ့်ဟာကို ပြန်လက်ထပ်ဖို့ပြောတယ်´´

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now