အခန်း 5-2

461 28 2
                                    

ချန်ရှီက စိတ်ထဲမှာ အရမ်းပျော်သွားပြီး သူ့သမီးလေးက လောကမှာ တကယ့်ကို အလှဆုံး မိန်းမပျိုလေးလို့ ခံစားရတယ်။ စစ်သူကြီးဝမ့်မွေးတဲ့ မိန်းမပျိုလေးက လက်တစ်ဆုပ်စာတောင် ယှဥ်လို့မရဘူး။ နောက်တစ်ခါ အရက်သောက်တဲ့ အချိန်ကျရင် နှစ်ခွန်းလောက် ချီးကျုးရမယ်။

သခင်မရှောင်းက ယွီချိုင်လင်ရဲ့ ပုံသဏ္ဍန်ကို မြင်ပြီး သူမရဲ့ အမူအရာက ရှုပ်ထွေးနေတယ်။ချန်ရှ်ီက ကိုယ့်ဟာကို စိတ်ကူးရတာ မလုံလောက်ဘူးလို့ ခံစားရပြီး သခင်မရှောင်းဘက်ကို ခေါင်းလှည့်ပြောလိုက်တယ်။

''ကိုယ့်တို့ ညောင်ညောင်က မွေးထားတာ တကယ်ကြည့်ကောင်းတယ်။´´

ပြီးတော့ တစ်ခွန်းထပ်ပြောလိုက်တယ်။

''အကုန်လုံးက ရှင်မရဲ့ အကျိုးဆောင်မှုပါပဲ။´´

ချင်စုန်းက ပြောစရာမရှိပဲ ကောင်းကင်ကို မော့လိုက်တယ်။ သူမက သူတို့အိမ်က လူကြီးမင်းက မြင်လျက်ကန်းမှန်း သိပြီးသားဖြစ်တယ်။ သခင်မလေးက သေချာပေါက် အဖေအမေနဲ့ မတူဘူး။ သူမအမြင်အရ  သခင်မလေးက အသားအရေ မဆိုးပေမဲ့ သနားစရာကောင်းပြီး စွဲဆောင်မှု မရှိဘူး။ ဘယ်လိုလုပ်ပြီး သခင်မရှောင်းရဲ့ ရဲရင့်တက်ကြွပုံနဲ့ ယှဥ်လို့ရမှာလဲ။

ဒီအချိန် လူတွေရဲ့ အလှအပ ခံစားမှုက ရှည်လျားပြီး ဝဖြိုးတဲ့ အမျိုးသမီးတွေဖြစ်တယ်။ အနာဂတ်မှာ ကောင်းကောင်းကျွေးမွေးရင် သခင်မလေး အရပ်ရှည်ပြီး ဝလာနိုင်မလား မသိဘူး။ အရင်တုန်းက သခင်မကြီးရှောင်းကလည်း အားနည်းပြီးရင်း အားနည်းတယ်။ ခန္တာကိုယ်ကတော့ ဘာမှမလိုအပ်ဘူး။

ချင်စုန်းက စဥ်းစားနေတုန်း အမှတ်တမဲ့ ကြည့်မိတော့ သခင်မလေးက ချန်ရှီနဲ့ သခင်မရှောင်းကို စိတ်ဝင်တစား ကြည့်နေတယ်။ မျက်လုံးကြီးကြီးတွေထဲမှာ  အဖြူအမဲ သဲကွဲနေပြီး အငွေ့အသက်က တက်ကြွကာ အသက်ဝင်နေတယ်။ သူမက တောအုပ်ထဲက သားရဲပေါက်အသစ်လေး တစ်ကောင်လို ဖျက်လက်တက်ကြွပြီး အရိုင်းဆန်နေတာကို တွေ့ရတော့ သူမက လန့်သွားတယ်။

ယွီချိုင်လင်က အဲ့ဒီအချိန်မှာ အခြားသူကို ကြည့်နေတယ်။ သူမဒူးထောက်နေတဲ့ နေရာအနေအထားက နိမ့်ပြီး သခင်မရှောင်းရဲ့ ရင်ဘတ်လောက်မှာ ရှိတယ်။ သူမက စိတ်ထဲမှာ တိတ်တိတ်လေး ပျော်နေတယ်။ အားကျုပြောတဲ့အရ သခင်မရှောင်းက အဖတ်မတင်တဲ့ ကလေးတွေအပါအဝင် ၇ယောက် ၊ ၈ယောက်လောက်မွေးခဲ့တယ်။ ဒါပေမဲ့ ခန္တာကိုယ်က ဒီလောက်မိုက်နေသေးတယ်။ ရှေ့ရော နောက်ရော ရှိတယ်။ အဖေချန်က တကယ့်ကို ကံကောင်းတယ်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now