အခန်း 37-2

224 32 2
                                    

အခန်း ( ၃၇ ) အပိုင်း ၂

ဝမ့်စုန့်ပိုင်က သူ့အမေဟာ သူ့ကိုသရော်နေမှန်းသိပြီး ပါးစပ်ပိတ်နေလိုက်သည်။

''ယွမ်ယီးက မြို့တော်ကို ပြန်မလာခင် ကယ်မျိုးရိုးကို နှင်ထုတ်ဖို့ ဆုံးဖြတ်ပြီးသွားပြီ။ ဒါပေမဲ့ ကယ်ထိုက်ကုန်း သခင်မကယ် အပေါ်မှာလည်း အားနားသလို ခံစားရတယ်။ လက်ရှိမှာ ကယ်မိသားစုက ချန်မိသားစုရဲ့ အကူအညီကို မလိုအပ်ဘူး။ ဒါ့ကြောင့်မို့လို့ ချစ်ခင်ကြင်နာမှုတွေ အကုန်လုံးကို ချန်ယန်းအပေါ်မှာ ပုံအောလိုက်တာမလား´´

''ယွမ်ယီးက သူ့ကိုယ်သူ အကြင်နာတရားနဲ့ ဖြောင့်မတ်မှုရှိပြီး ဘယ်မလိုက်ပဲ ခင်ပွန်းနဲ့ သားတွေက နားလည်သင့်တယ်လို့ ထင်နေတယ်။ ဒါပေမဲ့ ပြဿနာတွေ ဖြသ်ပြီးတဲ့အခါမှာ တစ်အိမ်သားလုံးက သူ့ရဲ့လုပ်ရပ်ကို မကျေနပ်ကြဘူး´´

''ယွမ်ယီးကလည်း ဘယ်လိုအကြောင်းအရင်းကြောင့်လည်း ဆိုတာကိုစဥ်းစားမကြည့်ဘူး။ မျက်ကန်း တိုက်ခိုက်ဖို့ပဲ သိတယ်။ သားအမိနှစ်ယောက်က ရေခဲတုံးနဲ့ သံတုံးတွေ့သလိုပဲ ဘယ်လိုလုပ်ပြီး ပြဿနာ မဖြစ်ပဲနေမှာလဲ´´

ဝမ့်စုန့်ပိုင်က သူ့အမေပြောတာကို စိတ်ထဲမှာ သဘောတူလိုက်သည်။ ဒါပေမဲ့ ချန်ရှီ အခက်တွေ့မှာကို စိုးရိမ်ကာ မတတ်နိုင်ပဲ ပြောလိုက်သည်။

''ဒါပေမဲ့ အမေ ဒီလိုမျိုးဆိုရင် ညောင်ညောင် အပြစ်ပေးခံရမှာပေါ့´´

သခင်မကြီးဝမ့်က ဂရုမစိုက်စွာ ပြောသည်။

''လူ့ဘဝမှာ လုပ်ပြီး မခံရဲရင် ဘဝကို လိမ်လိမ်မာမာနဲ့ ဖြတ်သန်းပြီး တတ်နိုင်သမျှ စောစောစီးစီးသေတာပဲ ကောင်းတယ်။  ညောင်ညောင်က လုပ်မှတော့ သိသွားရင် ခံစားရမဲ့ အကျိုးဆက်ကို ခံနိုင်ရမယ်။ ဧကန္တ အကျိုးအမြတ်ပဲ ခံစားပြီးတော့ ဆုံးရှုံးမှုကိုတော့ မခံဘူးလား။ ဖြည်းဖြည်းချင်း လုပ်ရမယ်။ တစ်ခုပြီးတစ်ခု ဖြတ်ကျော်ပြီးတာနဲ့ ကိုယ့်လမ်းကို ဘယ်လိုသွားသင့်တယ် ဆိုတာကို သိသွားလိမ့်မယ်´´

ဝမ့်စုန့်ပိုင်က သူ့အမေရဲ့ ပျက်စီးနေတဲ့ မျက်နှာကို ကြည့်လိုက်သည်။ …. ဧကန္တအမေက သူ့ကိုယ်သူ ပြောနေတာလား? ဖခင်အသက်ရှိစဥ်က သူမရဲ့ ခေါင်းမငုံတဲ့ စိတ်ထားကြောင့် စီရင်စုထဲမှာ ရန်သူတွေအများကြီးကို လုပ်ခဲ့သည်။ ဖခင်ရုတ်တရက် ကွယ်လွန်သွားတဲ့ အခါမှာတော့ သူတို့သားအမိနှစ်ယောက်ဟာ အရပ်လေးမျက်နှာမှာ ရန်သူတွေ ဝိုင်းနေခဲ့သည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now