အခန်း 24 - 2

214 31 0
                                    

အခန်း ( ၂၄ ) အပိုင်း ၂

ရှောက်ရှန်းက မျက်လုံးများ ပိတ်သွားသည်အထိ ပြုံးလိုက်သည်။ အကျယ်ကြီး ကျေးဇူးတင်လိုက်ရုံသာမက ခေါင်းမော့ပြီး နွေးထွေးသည့် အပြုံးကိုပြုံးပြလိုက်ရာ ဦးလေးဝမ့်၏ မျက်လုံးများကြိမ်းသွားမတတ်ပဲ။ သူကအရင်တုန်းက ဒီဓားမြှောင်ကို ပေးတာ တန်ဖိုးကြီးလွန်းသည်ဟု တွေးနေတာ။ ထပ်ပြီးသခင်မရှောင်းရဲ့  ပျက်သွားတဲ့ မျက်နှာကို တွေ့လိုက်ရတော့ သူဒီဓားမြှောင်ကို ပေးရတာ အရမ်းကို ထိုက်တန်သည်။

ချန်ဝမ့် မိသားစုနှစ်ခုဟာ ၁၀စုနှစ်ကြာ ရင်းနှီးလာကြပြီး စစ်သူကြီးဝမ့်နဲ့ သခင်မရှောင်းကလည်း အချင်းချင်းရဲ့ ထူးချွန်မှုကို အသိအမှတ်ပြုကြသည်။ ဒါပေမဲ့ တစ်ယောက်နှင့်တစ်ယောက် အမြင်မတူကြပဲ အချင်းချင်း အမြင်မကြည်ကြဘူး။ သခင်မရှောင်းက ဝမ့်စုန်းပိုင်၏ အသုံးအဖြုန်းကြီး လက်ဖွာမှုနဲ့ သေရည်နှင့် အပျော်ကိစ္စလိုက်စားမှုကို သဘောမကျဘူး။ ဝမ့်စုန်းပိုင်က သခင်မရှောင်းရဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ခင်ပွန်းဖြစ်သူထက် မာနကြီးမှုကို မကျေနပ်ဘူး။ ၁၀နှစ်တာမှာ သူ့ကိုချန်ရှီကိုခေါ်ပြီး အပျော်ရှာခွင့် မပြုဘူး။  ခင်ပွန်းဖြစ်သူကို စိတ်မချမ်းသာစေဘူး။ ( ချန်ရှီက တစ်ခါမှတော့ ဝန်မခံပေမဲ့ပေါ့ ! )

သခင်မရှောင်းက နောက်ဆုံးတွင် သူမကိုယ်သူမ ထိန်းနိုင်လိုက်သည်။ တစ်ဖက်မှာတော့ စစ်သူကြီးဝမ့်ဟာ သခင်မရှောင်းကို စိတ်ဒုက္ခပေးဖို့ အခွင့်အရေးရှိရင် ညဘက်ကြီးအိပ်ရာထရမည်ဆိုလျှင် ထပြီး ဒုက္ခပေးချင်သည်။ သခင်မရှောင်းကို စိတ်ဒုက္ခပေးဖို့ အခွင့်အရေး မရှိလျှင် အခွင့်အရေးကို ဖန်တီးပြီး ပိုဒုက္ခပေးချင်သည်။ အခြားစကားနှင့် ပြောရလျှင် ''နင် မပျော်ရွှင်တာတွေ့ရင် ငါပျော်ရွှင်တယ်´´ ပဲဖြစ်သည်။

ဝမ့်စုန်းပိုင်နှင့် ချန်ရှီဟာ ဘောင်းဘီတစ်ထည်တည်း ဝတ်သည်အထိ ရင်းနှီးပြီး ချန်အိမ်တော်၏ အိမ်တွင်းရေး ကိစ္စတွေကို သူကအစောကြီးထဲက သိပြီးသားဖြစ်သည်။ သခင်မရှောင်းရဲ့ ပြစ်ချက်ကို ဖမ်းမိဖို့ ဒီလောက်ခက်တာ ဘာလို့ အနာကို ဆားနဲ့မပက်ရမှာလဲ?

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now