အခန်း 39-1

194 29 0
                                    

အခန်း ( ၃၉ ) အပိုင်း ၁

မီးတောက်မီးလျှံများက ကောင်းကင်ယံတိုင်အောင် တောက်လောင်နေပြီး သိပ်သည်းသည့် မီးခိုးများကို ထုတ်လွှတ်နေသည်။ မိုးကောင်းကင် တစ်ခုလုံးအား ဖျော့တော့သည့် သွေးနီရောင်ဆိုးထားသည်။ နက်ရှိုင်းသည့် တောအုပ်က အရပ်လေးမျက်နှာကို ဝန်းရံထားပြီး သတ်ဖြတ်သံများက  ကြောက်လန့်ဖွယ်ဖြစ်သည်။ အရှေ့ဘက် ချန်မိသားစု အစောင့်များနှင့် မိသားစုစစ်တပ်က လှိုင်းတွေလို တလိပ်လိပ်တက်လာသည့် ဓားပြများကို တားဆီးရန် ကြိုးစားရုန်းကန်နေကြသည်။

တကယ်တော့ သူတို့တွေက ဓားပြတွေလား ဒါမှမဟုတ် နှိမ်နင်းခံရတဲ့ စစ်သည်တွေရဲ့ အကြွင်းအကျန်တွေလားတော့ ရှောက်ရှန်းလည်းမသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေရဲ့ ခန္တာကိုယ်ပေါ်က သွေးစွန်းနေတဲ့ ဝတ်စုံတွေပေါ်မှာ ကြည့်ရတာ အမှတ်တံဆိပ် ရှိနေသလိုပဲ။ အဲ့အချိန်မှာ လုံးလုံးလျားလျား မသေသေးတဲ့ မြေပြင်ပေါ်က ဓားပြတစ်ယောက်က ငြီးညူသံ ဖျော့ဖျော့ထွက်လာသည်။ သူမက ကြည့်လိုက်သည်။

ဒီလူက ခုနတုန်းက ဓားကြီးကို ဝှေ့ယမ်းပြီး အမျိုးသမီးတွေကို အော်ဟစ်နေသေးမှန်း သတိရလိုက်ပြီး ခေါင်းလှည့်ကာ အစောင့်တစ်ယောက်ကို အော်ပြောလိုက်သည်။ '' ဒီမှာ တစ်ယောက်ရှိသေးတယ်´´ ။ အစောင့်က အမိန့်ကို နားထောင်ပြီး ဓားကိုကိုင်ပြီးလာကာ ရက်ရက်စက်စက် အကြိမ်ပေါင်းများစွာ ထိုးလိုက်သည်။ အော်ဟစ်သံ တိုးတိုးနဲ့အတူ သွေးတွေစီးကျလာပြီး အခြားအသက်တစ်ချောင်းက ဆုံးရှုံးသွားသည်။ အော်မိတော်ဖု!

လွန်ခဲ့တဲ့နှစ်ဝက်တုန်းက ရှောက်ရှန်းဟာ နူးညံ့လှပပြီး အနည်းငယ်ထူးဆန်းပေမဲ့ သာမာန်ဖြစ်တဲ့ အမျိုးသမီးငယ်လေး ဖြစ်တုန်းပဲဖြစ်သည်။ အိမ်မြှောင်လိုမျိုး တစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရင် အော်လိမ့်မယ်။ ဒါပေမဲ့ခုတော့ ကြမ်းပြင်တစ်ခုလုံးက အလောင်းတွေ ကျိုးပဲ့နေတဲ့ ခြေလက်တွေကိုကြည့်ပြီး မျက်မှောင်တောင် တစ်ချက်မကြုံတော့ဘူး။

သူမက သူ့ကိုယ်သူ ငုံကြည့်လိုက်သည်။ ခန္တာကိုယ်ပေါ်က  ဒီအနက်ရောင် ဘရိုကိတ်သားနဲ့ ရောင်စုံအနားစွန်းတွေရှိတဲ့ သာမာန်အမျိုးသားဝတ်စုံဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ သခင်မဆန်းသူမကို လဲပေးထားတာဖြစ်သည်။ သူမဟာ နဂိုတုန်းကတော့ ဒါကိုဝတ်ပြီး ဘောလုံးပြိုင်ပွဲကို ကြည့်ရမှာဖြစ်သည်။ ဒါပေမဲ့အခုတော့ သွေးတွေနဲ့ စွန်းထင်းနေသည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now