အခန်း 32-2

150 23 1
                                    

အခန်း ( ၃၂ ) အပိုင်း ၂

ဘာပဲဖြစ်ဖြစ် သူမလည်း အဲ့ဒီကောင်မလေးစုတ်လေးတွေကို တွေ့ရတာ စိတ်ရှုပ်သည်။ အလုပ်မရှိ ခေါင်းပေါ်က ပန်းအကြောင်း မဟုတ်ရင် အဝတ်အစား၊ သရေစာ၊ အဆင်တန်ဆာ၊ အမွှေးနံ့သာနဲ့ အမျိုးသားတွေအကြောင်း ပြောဖို့ပဲ သိသည်။ နည်းနည်းလေးမှ တိုးတက်ချင်စိတ် မရှိဘူး။ သူတို့ကို အားကိုးရင် ဘယ်လိုလုပ်ပြီး ကြီးပွား ချမ်းသာမှာလဲ။

ဒီအထိ ပြောပြီးမှတော့ ကြည့်ရတာ ဘာမှ ပြောစရာ မလိုတော့ဘူးထင်သည်။ သခင်မရှောင်းက သမီးရဲ့ စိတ်ဆုံးဖြတ်ပြီးတဲ့ အမူအရာကို ကြည့်ပြီး စိတ်ထဲမှာ အရမ်းကို မွန်းကြပ်သွားသည်။ သူမက သားလေးယောက်ကို ပေါင်းတာတောင် သမီးလောက် သူမကို စိတ်မဆိုးစေဘူးလို့ ခံစားရသည်။ ပြဿနာက ရှောက်ရှန်းမှားတဲ့ အခါမှာ သူကစိတ်ဆိုးသည်။ ဒါပေမဲ့ ရှောက်ရှန်း မှန်တဲ့ အခါမှာလည်း သူမ မှားသေးသည်။ သူကိုယ်တိုင်တောင် ဘာကို စိတ်ဆိုးနေမှန်း မသိတော့ဘူး။

''တကယ်လို့ ငါမင်းကို သခင်မလေးယင် ဆီသွားပြီး တောင်းပန်ခိုင်းရင်ရော…?´´

သခင်မရှောင်းက သူမရဲ့ လက်တွေကို ဒူးပေါ်တင်ပြီး ရုတ်တရက် ပြောလိုက်သည်။

''သမီး မသွားဘူး´´

ရှောက်ရှန်းက အမြန်ပြောသည်။

''ယင်ရွှီးအာက နှုတ်နဲ့ လူကို စော်ကားတာ အရိုက်ခံသင့်တယ်။ သမီးက လက်မပါသင့်ဘူး။ အများဆုံး အနေနဲ့ နောင်မှာသူနဲ့ ရှောင်ရင် ရတာပဲ။ ဒါပမဲ့ သူက အိမ်တိုင်ရာရောက် လာပြီး  ရိုက်ချင်သေးရင်တော့ သမီးကို အပြစ်တင်လို့မရဘူး!´´

သမီးရဲ့ ပုန်ကန်တဲ့ အမူအရာကို တွေ့တော့ သခင်မရှောင်းက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အေးစက်စွာ ပြောသည်။

''အတင့်ရဲလိုက်တာ။ ငါဒီနေ့ကြည့်ကြည့်ရမယ် မင်းမှားမှန်း သိမလား မသိဘူးလား ဆိုတာ။ လာကြစမ်း….´´

ပြောလို့ မပြီးသေးခင်မှာပဲ ကျိုကျွေးခန်းမသို့ ခုလေးတင် ရောက်လာသည့် ချန်အိမ်နော် တတိယသားဟာ ဒီစကားတွေကို ကြားပြီး အမြန်ပြေးဝင်လာသည်။ ချန်စုန့်နဲ့ ချန်ရုံးက သခင်မရှောင်း၏ ခြေထောက်ကို တစ်ယောက်တစ်ဖက် ဖမ်းဆုပ်ကာ နှစ်သောက်သား ပြိုင်တူ '' အမေ စိတ်လျော့ပါ´´ '' ညောင်ညောင်က ခုလေးတင် ရိုက်ခံထားရတာပါ။ ထပ်ပြီး ရိုက်လို့ မဖြစ်ပါဘူး´´ စသည်ဖြင့် ပြောကြသည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now