အခန်း 41-1

198 26 0
                                    

အခန်း ( ၄၁ ) အပိုင်း ၁

ကလေးဘဝကတည်းက သူမဟာ ''မျက်စိမမြင် စိတ်ထဲမထား´´ ဟူသော စည်းမျဥ်းကိုအမြဲတမ်းလိုက်နာ ကျင့်သုံးခဲ့သည်။ သူမကို ပြဿနာဖြစ်စေနိုင်သည့် သူများနှင့် အပြစ်ပြုလို့မရသောသူများကို အမြဲတမ်းဝေးဝေးနေခဲ့သည်။ ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ လောကမှာ တုနှိုင်းမဲ့ မဖြစ်နိုင်သောကြောင့်ဖြစ်သည်။

ဥပမာအနေနဲ့ သူမရဲ့ မိဘတွေကို သိတဲ့သူနဲ့ ကလေးဘဝ ဇာတိတူတွေကို သူမက အခြားနေရာမှာ စာသွားသင်တဲ့နောက်မှာ အဆက်အသွယ် ရပ်တန့်လိုက်သည်။  ဥပမာ သူမတံတားသစ်သား ဆွဲထုတ်တာကို မြင်ခဲ့သည့် လုံယောင်ကို အရင်တစ်ခေါက် ပြင်းပြင်းထန်ထန် တုံ့ပြန်တာက အမြဲတမ်းလန့်သွားဖို့ မျှော်လင့်သည်။

ထပ်ပြီး ဥပမာအနေနဲ့ သူမတံတားအောက်မှာ အချိန်အကြာကြီး စမ်းတဝါးဝါးလုပ်နေတာကို မြင်ခဲ့တဲ့ လူကြီးမင်းလင်…….. မိုးနတ်မင်းရေ သူအဲ့နေ့ ဝမ့်အိမ်တော် စားသောက်ပွဲက တံတားကျိုးကျမှုကို မစဥ်းစားမိအောင် စောင့်ရှောက်ပေးတော်မူပါ။

ဒါပေမဲ့ ရှောက်ရှန်းက ချန်အိမ်တော်က သေဆုံးဒဏ်ရာရတာတွေကို ရေတွက်တဲ့ အခါမှာတော့ အရေအတွက်က ဒီလောက်လျော့နည်းနေတဲ့အတွက် လင်ပုယီကို အကြိမ်များများတွေ့ဖို့ မပြောနဲ့ မိတ်ဆွေဖွဲ့ဖို့တောင် အဆင်ပြေသည်ဟု ထပ်ပြီးခံစားရသည်။ လက်နက်ခေတ်ရဲ့ ပျက်စီးဆုံးရှုံးမှုဟာ နောက်ပိုင်းမျိုးဆက်များကဲ့သို့ သေလောက်အောင် မပြင်းထန်ပေမဲ့ ဒဏ်ရာတွေဟာ ပိုပြီးထိတ်လန့်စရာ ကောင်းသည်။ သာမာန်ဓားနဲ့ မြှားဒဏ်ရာများအပြင် အသားအကြီးကြီး ပဲ့ထွက်သွားတာ၊ ခြေလက်တွေ အခုတ်ခံလိုက်ရတာနဲ့ မြင်းအကန်ခံရပြီး အူထွက်သွားတာများပင် ရှိသည်။

ကြောက်စရာအကောင်းဆုံးက မျက်နှာကို ဓားနဲ့အခုတ်ခံရတဲ့ အစောင့်နှစ်ယောက်ဖြစ်သည်။ တစ်ယောက်က နှာခေါင်းပျက်စီးသွားပြီး အသက်ရှင်နိုင်သေးသည်။ အခြားတစ်ယောက်က ဘယ်ဘက်မျက်လုံးကနေ မေးစေ့အထိ အခုတ်ခံလိုက်ရပြီး ဒဏ်ရာက အရိုးအထိအောင် နက်ရှိုင်းကာ သေလုမျောပါးဖြစ်နေသည်။ သခင်မဆန်းက ဝမ်းနည်းပြီး စိုးရိမ်ကာ နောက်ပိုင်းတွင် အဖျားသေးသေးလေး တက်နေသည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now