အခန်း 2-1

591 52 1
                                    

အခန်း  ( ၂ ) အပိုင်း ၁

ဒီဘက်မှာ ယွီချိုင်လင်က ကျုအကြောင်းစဥ်းစားနေတုန်းမှာပဲ ဖူရီတို့ လင်မယားကလည်း သူမအကြောင်းပြောနေတယ်။

''ဒီနေ့ ငါကြည့်တာ သခင်မလေးက ပိုတက်ကြွနေသလိုပဲ။ ´´

''ရောက်ခါစက သူမပုံစံကများ လန့်လို့သေတော့မယ်´

ဖူရီက ရေချိုးပြီး အနောက်ဘက်ဆောင်ရဲ့ အခန်းထဲမှာ နွေးနွေးထွေးထွေး လှဲအနားယူနေရင်း သူ့မိန်းမကို ခေါင်းဖီးခိုင်းထားတယ်။ ကျုက ဘီးကို ရပ်လိုက်ကာ နှာခမ်းတင်းပြီး ပြောလိုက်တယ် ။

''ရှင်လာတဲ့အချိန်က အများကြီးကောင်းနေပြီ။´´

''သခင်မလေး အဲနေ့ ကသေတော့မလို့။ ´´

''ကျွန်မရဲ့ပျက်ကွက်မှုကြောင့်ပါ ။ ရက်နည်းနည်းသာ နောက်ကျသွားရင် ကျွန်မထင်ထားတာ အားယွဲ့ က´´

အဲဒီနာမည်ကိုပြောလိုက်တော့ သူမမျက်နှာမှောင်သွားတယ်။ ဖူရီကသူ့မိန်းမအမူအရာကိုကြည့်ပြီး ပြောတယ်

''လူ့စိတ်ဆိုတာ ပြောင်းလဲလွယ်တယ်။ ၁၀နှစ်တောင်  ကုန်သွားပြီပဲ။´´

''စစ်သူကြီးနဲ့ ဇနီးထွက်မသွားခင်က သခင်မလေးကအသက် ၃နှစ် ပြည့်ရုံလေးပဲရှိသေးတယ်။ ´´

''စစ်သူကြီးက မြင်းစီးရင်း မျက်လုံးတွေနီပြီး  အမြဲနောက်ကိုပြန်လှည့်ကြည့်နေတာ ငါမှတ်မိသေးတယ်။´´

''မင်းလည်းအားယွဲ့ကိုပြောမနေနဲ့တော့။ သူမအရင်ယောကျာ်းက စစ်သူကြီးရဲ့ အမိန့်အောက်မှာ မရှိတော့တာ (ဆုံးပါး) ။ သူမ အသစ်ရှာတာကလည်း ကယ်မိသားစုနဲ့ပတ်သက်မှုရှိတယ်။ ´´

''သူမဟာ ဘယ်လိုလုပ်ပြီး  သခင်မအပေါ် စိတ်ရင်းနဲ့လုပ်ပေးမှာလဲ ။´´

ကျုကဘီးကို စားပွဲပေါ်ဆောင့်ချပြီး အသံမြှင့်လိုက်တယ် ။

''ဓားမှာ မျက်စိမရှိဘူး ။ စစ်သူကြီးနဲ့ရှေ့တန်းကိုလိုက်ရတာ အစတည်းက မသေချာတဲ့ ကိစ္စပဲ။´´

''သခင်မက မုဆိုးမသူ့ကို အများကြီးဂရုစိုက်ခဲ့ တယ်။ အစားအသောက် အ၀တ်အစားနည်းဘူးလို့လား ။ ´´

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now