အခန်း 39-2

121 19 1
                                    

အခန်း ( ၃၉ ) အပိုင်း ၂

လက်ရှိအချိန်ရဲ့ စာသင်သားပညာရှိတွေဟာ နောက်ပိုင်းမျိုးဆက်ရဲ့ စာသင်သားတွေနဲ့ မတူကြဘူး။ သူတို့ထဲက အများစုဟာ ခါးမှာဓားရှည်ကို ချိတ်ဆွဲထားကြပြီး အသိပညာဗဟုသုတ များပြားကြသည်။ စကားအကြောင်းအရာများက စာပေအရေးအသားတင် မကပဲ နိုင်ငံရေး အောင်မြင်မှု ဆုံးရှုံးမှုကနေ အရင်မင်းဆက်ရဲ့ တိုးတက်၊ ကျဆုံးခန်းအထိ ပါဝင်သည်။ ပျော်ပွဲစားက ရိုးရှင်းပြီး ဟင်းပွဲတွေက သစ်သီးခြောက်၊ စွတ်ပြုပ်ပူပူလေးနဲ့ အသားဟင်းအပြင် အခြားဘာမှမရှိပေမဲ့ ရှောက်ရှန်းက ဘေးဘက်ကနေ ကြည့်နေရင်း နားထောင်နေရင်း သူ့ရဲ့အမြင်တွေဟာ ကျယ်ပြန့်ပြီး စိတ်တွေရှင်းလင်းသွားတယ်လို့ ခံစားရသည်။

ဒီအချိန်မှာ လူတွေရဲ့ အချစ်နဲ့အမုန်းက ကွဲပြားပြီး ကောင်းကင်ကြီးလို့ သန့်စင်သည်။ ယာဥ်တန်းက ရန်ကျိုးပြည်နယ် ချန်လျှို့ကို ရောက်တဲ့အခါမှာတော့ ရှောက်ရှန်းက ချန်ကျီတို့ ဇနီးမောင်နှံနှင့်အတူ အဖိုးရဲ့ နောက်ဆုံးလက်ရာတစ်ဝက်ကို တီးမှုတ်နိုင်ရုံသာမက နှစ်လက်မအရှည်ရှည်လာသည်။ ထို့အပြင် အနုပညာကို ရက်အချို့ လိုက်စားခဲ့တဲ့အတွက် လူတစ်ကိုယ်လုံးရဲ့ စိတ်နေစိတ်ထားဟာ တိုးတက်လာပြီး နဂိုက လှပတဲ့ ရုပ်ရည်ဟာ နောက်ဆုံးတော့ အသုံးဝင်လာသည်။

ချန်လျှို့လက်ထောက် စီရင်စုအမတ်ဟာ သခင်မဆန်း၏ အစ်ကိုဆန်းယွီ၏ အတန်းဖော်နှင့် မိတ်ဆွေဖြစ်သည်။ ထိုချန်လျှို့လက်ထောက် စီရင်စုအမတ်နှင့် သူ၏ဇနီးသည်ဟာ ဧည့်သည်အဖြစ်လာကြပြီး ဇနီးသည်က တွဲဖက်ရှာပေးရာတွင် နာမည်ကြီးသည်။ အခုရှောက်ရှန်းအတွက် တွဲဖက်ရှာပေးချင်နေသည်။ သခင်မဆန်းက ပြုံးပြီးတော့ ''တူမလေးက ငယ်ပါသေးတယ်´´ လို့ပြော၏။ ဒါပေမဲ့ မျက်လုံးတွေကတော့ တလက်လက်တောက်ပနေပြီး ''သင့်တော်တာတွေ့ရင် အမြန်ထုတ်ပြလေ။ ဘာဖြစ်လို့ ပြောနေသေးတာလဲ´´ ဆိုသည့် အဓိပ္ပာယ်နှင့် တောက်ပနေသည်။

တကယ်လို့ ချန်ကျီတို့ကသာ ဒုတိယလမတိုင်မီ တာဝန်နေရပ်ကို ရောက်ရမည်ဖြစ်၍ ယာဥ်တန်းက ချန်လျှို့  ကနေအမြန် ထွက်ခွာလာရသည် မဟုတ်လျှင် ထိုလက်ထောက် အမတ်ကတော်ဟာ ရှောက်ရှန်းကို လူငယ်လေးတွေနဲ့ တွေ့ဖို့အတွက် ပွဲတော်စီစဥ်ပေးလောက်သည်။ ချန်မိသားစုကသူတွေ အကုန်လုံးက ဟော့ပေါ့စားလိုက် သီချင်းသီဆိုလိုက်နှင့် အလွန့်ကိုပျော်ရွှင်စွာဖြင့် နောက်ဆုံးတော့ တုန်းကျွင်းကို ရောက်သွားသည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now