အခန်း 21-1

165 22 4
                                    

အခန်း ( ၂၁ ) အပိုင်း ၁

ရှောက်ရှန်း၏ ခန့်မှန်းချက်သည် အရမ်းကို မှန်ကန်သည်။ ချန်ရှီ အိမ်တော်ပြန်လာပြီး ဒီကိစ္စကို သိသောအခါ ချက်ချင်းပဲ ဓားကိုဆွဲပြီး ထိုလူတွေကို ဖြေရှင်းမည်လုပ်သည်။ သခင်မရှောင်း၏ စကားတွေက မနည်းသူ့ကို တားဆီးနိုင်လိုက်ပြီး နှစ်သစ်ကူးလက်ဆောင် ပြန်ပို့သည့် ခေါင်းစဥ်အောက်မှာ ထိုအထိန်းတော်နှင့် ချန်ဖူကို ထုပ်ပိုးပြီး ကယ်အိမ်တော်သို့ ပြန်ပို့လိုက်သည်။

ထို့ကြောင့်မို့လို့  ထိုလူနှစ်ယောက် ချန်အိမ်တော်က မထွက်ခွာခင် ခဏတာအမြန် ရိုက်နှက်လိုက်ရတာကလွဲလို့ ချန်ရှီလည်း ဘာမှမလုပ်လိုက်ရပါဘူး။ ဒီတစ်ခေါက်မှာ သူက သခင်မရှောင်းကိုတောင် အပြစ်တင်သည်။ ဆန္ဒပြသည့်အနေနှင့် သူက ထမင်းသုံးနပ်ကို ချန်ချန်နှင့်  ဆက်တိုက်အတူစားပြီး နှစ်ညကို ချန်ကျီနှင့် အတူဆက်တိုက် အိပ်သည်။

ချန်ကျီက ပါးနပ်စွာနှင့်ပြောသည်။ ' အကိုကြီး မင်းရဲ့ အစီအစဥ်ကို ပြောင်းလိုက်လို့ ရတယ်။ အကိုလတ်က အိမ်ထောင်ကွဲထားပြီး ကျွန်တော်ကမှ မဟုတ်တာ ´ ရလဒ်အနေနဲ့ ချန်ရှီဆီက လက်သီးတစ်လုံး ရခဲ့သည်။ သခင်မချင်စုန်းက ဒီလိုဆက်သွားရင် မကောင်းဘူးလို့ ခံစားရသည်။ ဒါ့ကြောင့် သူမဟာ သခင်မဆန်းကို ဖျန်ဖြေပေးဖို့ တောင်းဆိုသည်။

သခင်မဆန်းက လှေကို ချန်ကျီဆီသို့ တွန်းပို့လိုက်သည်။ ချန်ကျီက တူသုံးယောက်ကို ဖမ်းဆွဲပြီး သူတို့ကို နည်းလမ်းရှာခိုင်းသည်။ ညီအကို သုံးယောက်က ခုလေးတင် ကျားလိုအမေရှေ့မှာ ဦးချတောင်းပန်ပြီးရုံ ရှိသေးတယ် ဘယ်လိုလုပ်ပြီး ဆာလောင်နေတဲ့ ဝံပုလွေလို အဖေ့ဆီကို သွားရဲမှာလဲ။ ဒါ့ကြောင့်မို့လို့ ဘယ်သူကမှ သဘောမတူကြဘူး။  အဆုံးမှာတော့ ပရော်ဖက်ရှင်နယ် သစ္စာဖောက် ချန်ရှောက်ကုန်းက ' ကြိုးထုံးတဲ့သူပဲ ကြိုးကိုဖြေရမယ်´ ဆိုပြီး ပြောလိုက်သည်။ ဒါ့ကြောင့်မို့လို့ ဘောလုံးကို ရှောက်ရှန်း ခြေထောက်အောက်သို့ ကန်ထုတ်လိုက်သည်။

အစတုန်းက ချန်ကျီဟာ နည်းနည်း တုံဆိုင်းနေသေးသည်။ မထင်မှတ်ပဲ ချန်သခင်မလေး ၄ ဟာ သူရဲကောင်းဆန်ကာ ကျွမ်းကျင်ပြီး တစ်ခါတည်း သဘောတူကာ ပြဿနာကို လျှင်မြန်စွာပဲ ဖြေရှင်းလိုက်သည်။ သူမက ချန်ရှီကို စကားသုံးခွန်းပဲ ပြောလိုက်သည်။ 

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now