အခန်း 17-1

168 26 2
                                    

အခန်း ( ၁၇ ) အပိုင်း ၁

ညတာက တိုတောင်းပြီး နောက်နေ့ရောက်တော့ ကယ်မိသားစုက ထွက်ခွာတော့မည်ဖြစ်သည်။ နှစ်သစ်ကူးကို လမ်းပေါ်မှာပဲ ရှိလောက်ဦးမယ်။ အမေချန်၏ စိတ်ထဲမှာ ရှားရှားပါးပါး မကြည့်ရက်ပဲ နေဦးဖို့ ပြောသည်။ ဒါပေမဲ့ ကယ်ထိုက်ကုန်းက ' ဒ်ီမကောင်းတဲ့ သမီးကို ချန်နေပြီး ချန်မိသားစုရဲ့ နှစ်သစ်ကူး ဘိုးဘေးပူဇော်မှုကို ပျက်စီးနေလို့ မရဘူး´ လို့ပြောသည်။

ချန်မိသားစုက လူတွေအကုန်လုံးက ခေါ်မထားနိုင်တော့ အပြင်ကိုပဲ ထွက်ပြီး လိုက်ပို့ကြသည်။ မခွဲနိုင် မခွာရက် ဖြစ်နေကြသေး၏။ ရှောက်ရှန်းက ဟိုဘက် ဒီဘက်ကို လှည့်ကြည့်လိုက်တော့ ကယ်မျိုးရိုးကို မတွေ့ရဘူး။ အခြေအနေကို မပျက်စီးစေဖို့ ထွက်မလာပဲ လှည်းထဲမှာပဲ လိမ်လိမ်မာမာ နေနေလား ဒါမှမဟုတ် ဖက်ထုပ်လိုပဲ အထုပ်ခံရပြီး ပစ်ထည့်ထားခံရလားတော့ မသိဘူး။

ခွဲခွာသည့် မြင်ကွင်းက တကယ့်ကို ခံစားရစေသည်။ ဒီဘက်မှာ ချန်ယန်းက ဦးလေးကယ်နဲ့ အဒေါ်ကယ်ကို ဆွဲထားပြီး မျက်ရည်တွေနဲ့ နှုတ်ဆက်စကားပြောနေပြီး အချင်းချင်း ဂရုစိုက်ဖို့ ပြောနေသည်။ ဟိုဘက်မှာတော့ ကယ်ထိုက်ကုန်းက ချန်ချန်ပုခုံးကို လက်တစ်ဖက်နဲ့ ပုတ်ပေးရင်း လေးလေးနက်နက် ပြောနေသည်။ ဒီဟာက ရှောက်ရှန်း ဒုတိယအကြိမ် အေးအေးချမ်းချမ်း ကွာရှင်းသည့်မြင်ကွင်းကို ဒုတိယအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ယွီချိုင်လင်ရဲ့ အဖေနဲ့အမေ ကွာရှင်းသည့် အချိန်မှာလည်း နည်းနည်းလေးမှ အငြင်းမပွားကြဘူး။ မြို့က ပထမတန်း စားသောက်ဆိုင်မှာ စားပွဲ၃ပွဲ တည်ခင်းပြီး နှစ်ဖက်ဆွေမျိုးရှေ့မှာ ကွာရှင်းသည့်အကြောင်း အသေးစိတ်ကို ရှင်းတောင်ပြလိုက်သေးသည်။

မျက်နှာမဲနေတဲ့ လက်ထောက် မြို့တော်ဝန် ဦးလေး( အဖေဘက် ) နဲ့ ဆူပုတ်နေတဲ့ ပညာတတ်ဦးလေး ( အမေဘက်) ကလွဲလို့ ကျန်သည့်သူတွေ အကုန်လုံးက အရမ်းကို သက်တောင့်သက်သာပဲ ဖြစ်သည်။ ပြောလိုက်ရယ်လိုက်ကြနဲ့ စားသောက်ဆိုင်က စားပွဲထိုးက မင်္ဂလာကိစ္စလို့တောင် ထင်နေသေးသည်။ ငွေရှင်းချိန်မှာ ' နှစ်ပေါင်းတစ်ရာ ပေါင်းဖက်ရပါစေ´ လို့ ပြောလုနီးပါးပဲ။ မြို့ကလူတွေ အကုန်လုံးက ထိုဟာကို ဟာသအနေနဲ့ ပြောပြပြီး ယွီချိုင်လင် သေးသေးလေးဟာလည်း ထိုဟာသ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်။ 

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now