အခန်း 25 - 2

211 26 1
                                    

အခန်း ( ၂၅ ) အပိုင်း ၂

ရှောက်ရှန်းက စိတ်ထဲမှာ ''အာ´´ လို့ တစ်ချက်ထွက်သွားသည်။ ခေါင်းမော့ကြည့်လိုက်တော့ ဒီယွမ်ရှန်က ချောမောသည့် သွင်ပြင်လက္ခဏာနှင့် မြင့်မြတ်သိမ်မွေ့သည့် ဟန်ပန်ရှိသည်။ ထိုနေရာမှာ ဒီအတိုင်းရပ်နေသည့်ကပင် တိတ်ဆိတ်သည့် တောင်ကုန်းလေးကို ကြယ်စင်တိမ်တိုက် မျှော်စင်ကဲ့သို့ ကျက်သရေရှိအောင် ပြောင်းလဲသွားစေသည်။ ဒီရက်ပိုင်း အကိုကြီးချန်ရဲ့ နာမည်ကျော် စာသင်သားတွေ အကြောင်းကိုပြောတဲ့ အထဲမှာ ဒီလူကို ပြောဖူးသည်။

ကျောင်းတုန်းမျိုးနွယ်မှ မွေးဖွားလာပြီး ဖခင်ဖြစ်သူဟာ နေရာအခိုင်အမာ တစ်ခုမှာ အရာရှိကြီး ဖြစ်သည်။ လွန်ခဲ့တဲ့ ၃နှစ် အရှင်မင်းကြီးက ပထမဆုံးအကြိမ် လောကရဲ့ အတော်ဆုံး စာပေပညာရှင်တွေကို ကျမ်းဂန်တွေ သင်ကြားပေးဖို့ ဖိတ်ခေါ်တဲ့အခါမှာ သူက ၁၈နှစ်သာ ရှိသေးသည်။ ဆရာကိုယ်စား ကျမ်းဂန်တွေကို ပို့ချပေးကတည်းက နာမည်ကျော်ကြားနေပြီး နောက်ပိုင်းမှာ အရှင်မင်းကြီးရဲ့  အမှုထမ်းအဖြစ် ချီးမြှင့်ခြင်း ခံရသည်။

အဆင့်အတန်းတွေနဲ့ တိုင်းတာပြီး ပြောရမယ်ဆိုရင် ဒီသခင်လေးယွမ်က ဒုတိယအဆင့် မျိုးနွယ်ကနေ မွေးဖွားလာပြီး ဖခင်က ပထမအဆင့်ခွဲ အရေးကြီးအမတ်ဖြစ်သည်။ သူကလည်း ငယ်ရွယ် ရည်မှန်းချက်ကြီးမားပြီး နောက်ပိုင်းမှာ ပထမအဆင့် အမတ်နေရာကို တက်လှမ်းဖို့က တကယ့်ကို ဖြစ်နိုင်သည်။ အင်း.. တကယ်လို့ အမှားမကျုးလွန်ရင်ပေါ့။

ဒါပေမဲ့ ပြောရရင် သူက ဘာလို့ ကိုယ့်ဟာကို နှိမ့်ချပြီး ချန်အိမ်တော်ကို လာတာလဲ။ မဟုတ်မှလွဲရော ထပ်ပြီး ဝမ့်အိမ်တော်ရဲ့ ဖိတ်ကြားမှုလား။ ရှောက်ရှန်းက ခေါင်းယမ်းလိုက်ပြီး ယဥ်ကျေးစွာ ပြောလိုက်သည်။

''သခင်လေးယွမ် ကြွရောက်ချီးမြှောက်တာ ချန်အိမ်တော်က ဂုဏ်ယူရပါတယ်။ ဒါပေမဲ့ ဒါပေမဲ့….´´

သူမက ယဥ်ကျေးဧည့်ခံစကားတွေ သိပ်မပြောတတ်တော့ တည့်တည့်ပဲ ပြောလိုက်သည်။

''အဖေ သူတို့က အရှေ့မှာ! ´´

သူမ ထင်တာတော့ ဒီအကိုချောလေးက လမ်းပျောက်သွားတာ ဖြစ်နိုင်သည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now