အခန်း 31-1

167 27 0
                                    

အခန်း ( ၃၁ ) အပိုင်း ၁

ရှောက်ရှန်းက ဆွဲခွာခံရချိန်တွင် မျက်နှာပေါ်၌ အချက်တော်တော်များများ ခံရပြီးဖြစ်သည်။ သူမ၏ ပါးတွင် ပူလောင်သည့် နာကျင်မှုကို ခံစားရသည်။ သူမ၏ မျက်လုံးထောင့်စွန်းက ယောင်သွားပြီး မေးစေ့တွင်လည်း အနည်းငယ် ကွဲသွားပုံရသည်။ ယင်ရွှီးအာကို ခိုးကြည့်လိုက်တော့ သူမဟာ ကိုယ့်ဟာကို ချီးကျုးလိုက်မိသည်။ ကြည့်ရတာ မိသားစုရဲ့ မျိုးရိုးစဥ်ဆက် အရည်အချင်းက ပျောက်မသွားသေးဘူးပဲ။

အရှုပ်အထွေးတွေ ကြားထဲမှာ သူမ မျက်နှာတစ်ခုလုံး စိုးရိမ်ပူပန်နေတဲ့ ယွမ်ရှန်ကို ဝါးတားတား တွေ့လိုက်ရသည်။ လုံယောင်ဆိုသည့် လူရွယ်လေးဟာ မိုးကြိုးပစ်ခံလိုက်ရသလိုမျိုး လူ့ဘဝရဲ့ အသိပညာတွေ လုံးဝကို ကျယ်ပြန့်သွားသလိုပင်။ အမြန်အပြေးအလွှားလာသည့် သခင်မငယ်ယင်ဟာ ဒေါသလည်းထွက် စိုးလည်း စိုးရိမ်ပူပန်ပြီး ခြေဆောင့်နေသည်။

အဲ့ဒီနောက် အလျှင်အမြန်ပဲ ရှောက်ရှန်းနဲ့ ငိုနေသည့် ယင်ရွှီးအာကို ယင်အိမ်တော် အနောက်ဘက်ခန်းမ၏ ဘေးဆောင်သို့ ပို့လိုက်သည်။ အဲ့ဒီ့နေရာတွင် ခုလေးတင် အမြန်ရောက်လာသည့် သခင်မယင်၊ သခင်မရှောင်းနှင့် သခင်မဝမ့်တို့ သားအမိရှိသည်။

ဒီကိစ္စကို ကြားတော့ သခင်မယင်ဟာ ခလုတ်တိုက်မိပြီး စင်မြင့်ပေါ်ကနေ ပြုတ်ကျတော့မလိုပင်။ အလျှင်အမြန်ပဲ ဧည့်ခံဖို့ တာဝန်ကို ကိုယ်လုပ်တေည်ကို အပ်နှံကာ လာခဲ့ရသည်။ သခင်မရှောင်းက တည်ငြိမ်သည့်ပုံ ပေါ်သည်။ ဒါပေမဲ့ သူမရဲ့ အသက်ရှုသံတွေကလည်း အနည်းငယ်မြန်နေသည်။

သခင်မဝမ့်က ပါဝင်ပတ်သက်သူ မဟုတ်ပေမဲ့ သူမက ဘေးထွက်ရပ်မနေနိုင်ဘူး။ အနေရခက်ကာ ဘယ်ဘက်မှာ ရပ်တည်ရမှန်းမသိ ဖြစ်နေသည်။ ဝမ့်ချီးချီးက သေချာပေါက် တရားမျှတမှုကို ယူရမယ်လို့ ဆုံးဖြတ်ထားသည်။

သခင်မယင်က အဲ့အချိန်တုန်းက အရေးကြီးသည့် မြင်ကွင်းများကို တရားဝင်အမေ၏ နားနားသို့ကပ်ကာ သတင်းပို့လိုက်ပြီး သခင်မယင်က သက်ပြင်းချလိုက်သည်။ လူတွေ အများကြီး မြင်မသွားရင် ကောင်းပြီ။ အစေခံနှစ်ယောက်က ကိုယ့်အိမ်တော်က အစေခံတွေ။ သူမလုံးဝ သူတို့ကို ထိန်းချုပ်နိုင်သည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now