အခန်း ( ၁၆ ) အပိုင်း ၁
အဲ့နေ့ည ညစာစားပြီးနောက်မှာ သခင်မရှောင်းသည် သူမအကိုတွေနဲ့ ကျောင်းတော်အကြောင်း ဆက်ပြောတော့မဲ့ ရှောက်ရှန်းကို ဖမ်းလိုက်ပြီး ကယ်မိသားစုမှ လူတွေအကုန်လုံးကို နှုတ်ဆက်ရမည်ဖြစ်ကြောင်း ပြောသည်။ ရှောက်ရှန်းက ငြင်းပယ်လည်း ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်အတူတူပဲမှန်း သိသောကြောင့် ဒီအတိုင်းပဲ သဘောတူလိုက်သည်။ မထင်မှတ်ပဲ သူတို့ ဧည့်ဆောင်ကို ရောက်သောအခါ ကယ်ထိုက်ကုန်းနှင့် ဦးလေးကယ်က မရှိပဲ ချန်ယန်းသာလျှင် အဒေါ်ကယ် ပေါင်ပေါ်တွင်လှဲ၍ တိုးတိုးလေးငိုရှိုက်နေသည်။
''ဒေါ်လေး သမီးကို ပြန်ခေါ်သွားပါ။ သမီးအိမ်ပြန်ချင်တယ်….သမီး အိမ်ပြန်ချင်တယ်´´
''အိုင်း…ငတုံးလေးယန်းယန်း ဒီနေရာကမှ မင်းရဲ့ အိမ်လေ။ မင်းရဲ့ အဖေ အမေ အိမ်သားတွေရှိတဲ့….´´
မထင်မှတ်ပဲ ချန်ယန်းက ပိုလို့တောင် ငိုကြွေးလာသည်။
''ငယ်ငယ်လေးထဲက ဒေါ်လေးက သမီးကို သိတတ်ဖို့ သင်ကြားပေးထားတယ်။ အဖေက တိတ်ဆိတ်အထီးကျန်ပြီး သမီးက နည်းနည်းပါးပါး ပြုစုပေးနိုင်သေးတယ်"
''ဒါပေမဲ့ အမေ ၊ အမေသူက ….သမီး ချန်အိမ်လာတဲ့ ဒုတိယနေ့မှာပဲ သူက ညောင်ညောင်ကို ထွက်သွားစေလိုက်တယ်"
''ညောင်ညောင်က အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားတယ်လို့ နောက်ပိုင်းမှာ သမီးကြားတယ်။ ဒီရက်တွေမှာ သူက သမီးကို စကားတစ်ခွန်းတောင် မပြောဘူး´´
''နေ့တိုင်း သူက သားကို အလိုလိုက်ဖို့ ၊ အဖေ့ကို ဆူပူဖို့ ၊ အဖွားရှေ့မှာ အကြီးဆုံး ဒေါ်လေးကို မကောင်းပြောဖို့နဲ့ မကောင်းတဲ့ ကိစ္စတွေကို ကြံစည်ဖို့ပဲ ဂရုစိုက်တယ်´´
''သမီး..သမီး တကယ့်ကို အရမ်းရှက်တယ်။ သမီးဒီမှာ ဆက်ပြီး မနေနိုင်တော့ဘူး။ ဒေါ်လေး သမီးကို အိမ်ပြန်ခေါ်သွားပါနော်…….´´
အဒေါ်ကယ် နားထောင်ရတာလည်း စိတ်ထဲမှာ နာကျင်သွားသည်။ ချန်ယန်းက အနှီးထုပ် အရွယ်တည်းက သူမရှေ့ကို ရောက်လာခဲ့သည်။ အဲ့အချိန်တုန်းက သူမမှာ မြေးမရှိသေးပဲ သားသမီးတွေကလည်း အကုန်ကြီးပြင်းကုန်ကြပြီ။ ဒီကလေးမလေး သေးသေးလေးက သူမကိုယ်တိုင် ပျိုးထောင်ရင်း ကြီးပြင်းလာတာဖြစ်သည်။
YOU ARE READING
love like the galaxy { myanmar translation } (Unicode & Zawgyi
Romancecredit to original owner Guan Xin Ze Luan