အခန်း 19-2

190 30 3
                                    

အခန်း ( ၁၉ ) အပိုင်း ၂

သခင်မရှောင်းက တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ထက်မြက်မှုနဲ့ ပြောင်းလဲတတ်မှုမှာ ယန်းယန်း အယောက်တစ်ရာကလည်း ညောင်ညောင်ကို မယှဥ်နိုင်ဘူး။ ဒီနေ့ကိစ္စက ရုတ်တရက် ဖြစ်သွားခဲ့ပြီး ကြည့်ရတာ ညောင်ညောင်လည်း အစောပိုင်းတုန်းက နားမလည်သေးဘူး။ ဒါပေမဲ့ အချိန်တိုလေး အတွင်းမှာပဲ အချိတ်အဆက်တွေကို နားလည်သွားပြီး အခြေအနေကို ပြောင်းပြန်လိုက်ပစ်လိုက်ပြီ။

''လူကို ဖိအားပေး မနေနဲ့တော့´´

သူမက လေးနက်သည့် အသံနှင့် ပြောလိုက်သည်။

''နင်က ကိုယ့်ဟာကို လျန်ဖန်းကို အပြစ်ပေးပြီးပြီ။ ယန်းယန်းရဲ့ အစေခံကို သူ့ဟာသူ အပြစ်ပေးခိုင်းလိုက်!´´

''ကောင်းပါပြီ။ အမေပြောတာ နားထောင်ပါ့မယ်´´

ရှောက်ရှန်းက မလွှဲသာ မရှောင်သာ ပြုံးလိုက်သည်။  သခင်မရှောင်းက သူမရဲ့ ဒီမထီမဲ့မြင် ပုံစံကို မကြည့်နိုင်ပဲ အလိုမကျစွာ ပြောလိုက်သည်။

''အစေခံက အမှားလုပ်တာ! ဒီမှာပဲ ရပ်မယ်။ စာကြည့်စားပွဲက ကိစ္စသေးသေးလေးပဲ ဘယ်သူ့ကို ပေးပေးရတယ်။ နင်တို့ ညီအမက နောက်ကို အချင်းချင်း စည်းလုံးညီညွတ်ရမယ်။ အငြင်းပွားလို့ မရဘူး´´

ရှောက်ရှန်းက ပြုံးပြီး ခေါင်းငြိမ့်ကာ နည်းနည်းလေးမှ ဂရုမစိုက်ပေ။ ချန်ရုံးနှင့် ချန်ရှောက်ကုန်းက စိတ်ထဲမှာ အလွန် မသက်မသာ ဖြစ်နေသည်။ ပုံမှန်ဆိုအမြဲတမ်း အပူအပင်မဲ့ နေတတ်သော ချန်စုန့်ပင်လျှင် စိတ်ထဲမှာ နည်းနည်း မပျော်မရွှင် ဖြစ်နေသည်။

အစတုန်းက ကိစ္စဟာ ပြီးဆုံးသွားပြီဖြစ်သည်။ မထင်မှတ်ပဲ ထိုအထိန်းတော်ဟာ သခင်မရှောင်းရဲ့ စကားကို နားထောင်ပြီး အားကိုးရာရှိမို့ ရုတ်တရက် အကျယ်ကြီးငို၍ ပြောသည်။

''ကျွန်မတို့ သခင်မလေးအတွက် ပြောပေးလို့ သခင်မကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ သခင်မလေးက သခင်မလေး ၄လို ထက်မြက်မှု မရှိဘူး။ သခင်မလေး၄ လို အပြောစွမ်းရည် မရှိဘူး´´

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now