အခန်း 25 - 1

229 25 0
                                    

အခန်း ( ၂၅) အပိုင်း ၁

ရှောက်ရှန်းက စင်္ကြအောက်တွင် အေးစက်နေသည့် မျက်နှာဖြင့် ရပ်နေသည်။  အေးခဲသည့် ဆောင်းတွင်းလေကို အကြိမ်အနည်းငယ် ပြင်းပြင်းရှုရှိုက်လိုက်ပြီးနောက် အဆုတ်လမ်းကြောင်းဟာ အေးခဲထုံထိုင်းသွားသည်။ သူမဟာ သူမ၏ ငယ်ဘဝအကြောင်းကို အရမ်းမေ့ပစ်ချင်သည်။

ဒါပေမဲ့ ဒီနေရာ အစုတ်အပြတ်ကို လာပြီးနောက်မှာတော့  အတင်းအဖျင်းတွေ လက်ညှိးထိုးမှုတွေ အဓိပ္ပာယ် အမျိုးမျိုးရှိတဲ့ အကြည့်တွေ အကုန်လုံးဟာ သူမဆီကို နောက်တစ်ခါထပ်ပြီး ရောက်လာခဲ့ပြန်သည်။ မနည်း ငရဲလို တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီး ထိပ်တန်းအဆင့် ၁၀ တက္ကသိုလ်က အကောင်းဆုံး ဋ္ဌာနကို ဝင်နိုင်ခဲ့သည်။ အဲ့အပြင် အရည်အချင်းရှိ စီနီယာကလည်း သူမကို သဘောကျနေပြီး အနာဂတ်က ဖြောင့်ဖြူးနေသည်။ အခုတော့  သူမက အစကနေပြန်ပြီး တိုက်ခိုက်ရတော့မယ်။ မိုးနတ်မင်းစုတ်က တကယ်ပဲ ဘာတွေလုပ်မှန်း မသိဘူး။

ရှောက်ရှန်းက စဥ်းစားလေ ဒေါသထွက်လာလေ ဖြစ်ပြီး စင်္ကြအောက်မှာတောင် မနေနိုင်တော့ဘူး။ ဒါ့ကြောင့်မို့လို့  သူမဟာ လျန်ဖန်းကို သူမအား သားမွှေးခြုံထည် ဝတ်ပေးခိုင်းလိုက်ပြီး ခြံဝန်းထဲကနေ ထွက်လာလိုက်သည်။ အစေခံ တစ်ယောက်ကိုတောင် နောက်မှ လိုက်ပါခွင့် မပြုဘူး။

သူမက စိတ်မကြည်ချိန်မှာ တစ်ယောက်တည်း နေရသည်ကို နှစ်သက်သည်။ လမ်းလျှောက်ရင်း ခြေဦးတည့်ရာ လျှောက်သွားပြီး လျှောက်ရတာ မောသွားရင် စိတ်ဆိုးဖို့ အားမရှိတော့ဘူး။ ယခုချိန်မှာ ချန်အိမ်တော် အဓိက ခန်းမနှင့် အရှေ့ခြံဝန်းတွင် စားသောက်နေသံတွေနဲ့ ပြည့်နှက်နေပြီး ဧည့်သည်တွေနဲ့ အစေခံတွေက ပျားပြန်းခက်နေသည်။ ရှောက်ရှန်းက မဆိုင်သလို တစ်ချက်ကြည့်လိုက်ပြီး အနောက်ဘက် ခြံဝန်းသို့ နောက်ကို ပြန်လှည့်မကြည့်တော့ပဲ ထွက်သွားသည်။

ဒီအိမ်တော်ဝန်းဟာ ဧရိယာအကျယ်ကြီးကို ပိုင်ဆိုင်သည်။ ချန်မိသားစု ရွှေ့ပြောင်းလာပြီးသည့်နောက်တွင် အချိန်နှင့် လူအင်အား မလုံလောက်သည့် အတွက်ကြောင့် နေရာတော်တော်များများကို မရှင်းလင်းရသေးဘူး။ ဥပမာ အနေနဲ့ အနောက်ဘက်ခြမ်းက ဒီတောင်ကုန်းလေးပေါ့။ သခင်မကြီးဝမ့်က တိတ်ဆိတ်ငြိမ်သက်တာကို ကြိုက်နှစ်သက်ပြီး တစ်ခါမှလည်း ဂရုမစိုက်ဘူးလို့ ပြောတယ်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now