အခန်း 36 -3

191 24 0
                                    

အခန်း ( ၃၆ ) အပိုင်း ၃

ဦးဆောင်လာသည့် သခင်မလေးက မျက်နှာဝိုင်းသည်။ နှာခမ်းနီနီ မျက်ခုံးနက်နက်နဲ့ ဂရုမစိုက်သော မျက်နှာထားမျိုးရှိသည်။ ပိုးထည်တွေ ဝတ်ဆင်ထားသည့် မိန်းမပျိုလေးအုပ်စုတစ်ခုက ဝန်းရံလာသည်။ ရှောက်ရှန်းက တိတ်တိတ်လေး နှိုင်းယှဥ်ကြည့်ပြီး ဒီလူက အဲ့နေ့က ယင်ရွှီးအာထက် ပိုပြီးအထက်စီးဆန်တယ်လို့ ခံစားရလိုက်သည်။

ဘာဖြစ်လို့လဲဆိုတော့ ယင်ရွှီးအာက တမင်သက်သက် နောက်လိုက်ညီမလေးတွေကို စုစည်းထားတာ မဟုတ်ပဲနဲ့ အားလုံးက အတူတူ စုစည်းလိုက်တဲ့အခါမှာ ဝိုင်းပြီး ချီးမွှန်းမြှောက်စားကြတာ ဖြစ်သည်။ ဒါပေမဲ့ မျက်စိရှေ့က ဒီတစ်ယောက်ကတော့ သိသိသာသာကိုပဲ စုစည်းထားတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ အဲ့ဒီ သခင်မလေးက ပြုံးကာပြောသည်။

''ချီးချီး နင်ဘာလို့ ငါ့ကိုလာပြီး မကြိုဆိုတာလဲ´´

ဝမ့်ချီးချီး က မျက်နှာတစ်ချက် ပျက်သွားသည်။ သို့သော်လည်း ကိုယ်ကအိမ်ရှင်ဆိုတာကို သတိရလိုက်ပြီး ရွေးချယ်စရာ မရှိပဲ ရှေ့သို့တိုးကာ နှုတ်ဆက်လိုက်သည်။ ဝမ့်စုန့်ပိုင်က အောင်မြင်မှု၊ ရာထူးအဆင့်အတန်း၊ ပိုက်ဆံနဲ့ အာဏာရှိပေမဲ့ ညီလာခံက ပထမအဆင့် မိသားစုများနှင့် ယှဥ်လျှင် အဝေးကြီးလိုသေးသည်။ လက်ရှိမင်းဆက်  ညီလာခံက အာဏာရှိတဲ့သူ အကုန်လုံးကို ဖိတ်လို့မရမှတော့ ဒီတစ်ခေါက် ပွဲတော်မှာ ကိုယ့်မိသားစုနဲ့ အဆက်အဆံရှိတဲ့ မိသားစုတွေကိုပဲ ဖိတ်ရသည်။ ကံဆိုးစွာနဲ့ ဝမ်လင်ရဲ့ အဖေဟာ ထိုအထဲက တစ်ယောက်ဖြစ်သည်။ ရှောက်ရှန်းက ယင်ရွှီးအာ အနားသို့ ကပ်ပြောသည်။

''ဒါက ဘယ်သူလဲ´´

ယင်ရွှီးအာက အသံတိုးတိုးလေူနဲ့ ပြောသည်။

''ဒါက မြင်းတပ်စစ်သူကြီးရဲ့ သမီး ဝမ်လင်၊ မိဖုရားကြီးရဲ့ တူမ....´´

သူမက ခဏလောက်တွေးပြီး ထပ်ပြောသည်။

''ဝမ်းကွဲပဲ!´´

''အစ်မ ၁၃ က သူ့ကိုတွေ့တာ မပျော်သလိုပဲနော်´´

အကန်းတောင် မြင်နိုင်သည်။ ယင်ရွှီးအာက နှာခမ်းကိုတင်းပြီးပြောသည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now