အခန်း ( ၁၄ ) အပိုင်း ၂
''ဘယ်လိုဟာမျိုးကို ကောင်းမွန်တဲ့လက်ထပ်ပွဲလို့ခေါ်လဲ! ကိုယ်လိုချင်တာကို ရနိုင်ရင် ကောင်းမွန်တဲ့ လက်ထပ်ပွဲပဲပေါ့´´
ရှောက်ရှန်းက သူ့အသံလေးကို တိုးလိုက်ပြီး အထက်တန်းကျောင်းသားလေးကို သင်လိုက်သည်။
''နောင်ကျရင် ကြီးပြင်းလာလို့ လက်ထပ်တဲ့ အခါကျရင် သိလိမ့်မယ်´´
ချန်ဦးလေး၂ နဲ့ သူ့မိန်းမ ဘာလို့ ကောင်းကောင်းမွန်မွန် အတူမဖြတ်သန်းနိုင်တာဆိုတဲ့ အကြောင်းပြချက်က ဦးလေး၂ က ကယ်မျိုးရိုး လိုချင်တာကို မပေးနိုင်လို့ပဲ။ ဒါ့ကြောင့် အပြစ်တင်တတ်တဲ့ မိန်းမဖြစ်လာသည်။ ဒါပေမဲ့ ချန်ရှီလင်မယားကတော့ အချင်းချင်းဆီက ကိုယ်လိုချင်တာကို ရကြတော့ သေချာပေါက် ညီညွတ်ပြီး ချစ်ခင်ကြတာပေါ့။
ချန်ရှောက်ကုန်းက သူမကိုကြည့်ပြီး '' တကယ်လို့ ငါလက်ထပ်ရင်ဆိုတော့ နင်ကလည်း …မလိုတော့ဘူးလား´´ လို့ ပြန်ပြောမလို့ ကြံနေတုန်းမှာပဲ မထင်မှတ်ပဲ အမေချန်ရဲ့ ရုတ်တရက် အသံကျယ်ကျယ်နဲ့ သခင်မဆန်းကို စိတ်စိုးစွာ အော်ပြောတာကို ကြားလိုက်သည်။
''ငါနင့်ကို မေးပါဦးမယ်။ ငါဒီနှစ်တွေမှာ အားကျီကို နင့်အပ်ထားတာ။ သူကဘယ်လိုလုပ်ပြီး ဒီလိုပိန်နေရတာလဲ´´
အမွှာနှစ်ယောက်က အမြန်စကားပြောတာကို ရပ်လိုက်ပြီး ကြည့်လိုက်သည်။ လက်စသတ်တော့ နောက်ဆုံးမှာ ချန်ကျီက အမေ့ရဲ့အချစ်ကို သည်းမခံနိုင်တော့ပဲ အမေချန်ဆီမှ ရုန်းထွက်ကာ ကိုယ့်နေရာမှာ ကိုယ်ပြန်ထိုင်နေပြီဖြစ်သည်။
အမေချန်က အငယ်ဆုံးသားလေးဟာ သူမကို ဒီလိုဆက်ဆံတာကို တွေ့တဲ့အခါမှာ သူမဒေါသရဲ့ တစ်စိတ်တစ်ပိုင်းကို သခင်မဆန်းအပေါ် ပုံချလိုက်သည်။ ချန်ကျီက သေချာပေါက် သွေးရောင်ရဲနေပြီး အနေအထားကောင်းကာ ကျန်းမာရေး ကောင်းနေပေမဲ့ပေါ့။ ဒီသေချာပေါက် အခက်တွေ့စေတဲ့ မေးခွန်းနဲ့ ရင်ဆိုင်ရာမှာ သခင်မဆန်းက တည်ငြိမ်စွာနဲ့ တူကိုချလိုက်ပြီး အပြုံးလေးနဲ့ ပြောလိုက်သည်။
YOU ARE READING
love like the galaxy { myanmar translation } (Unicode & Zawgyi
Romantikcredit to original owner Guan Xin Ze Luan