အခန်း 12-1

174 24 1
                                    

အခန်း ( ၁၂ ) အပိုင်း ၁

အခြားသူတွေ ပြောပြစရာ မလိုပဲ ချန်ရှောက်ချန်းက သခင်မကယ်ကို ဖြေရှင်းပြီးသွားလောက်ပြီမှန်း သိနေသည်။ မကြာခဏ ကြားနေရတဲ့ ကယ်မျိုးရိုးရဲ့ အော်သံကို မကြားရတော့သလို အိမ်ပြောင်းတဲ့ အဲ့နေ့မှာလည်း သူမက ဒီအဒေါ်၂ ကို မတွေ့ဘူး။

အိမ်ပြောင်းတာက ကိစ္စကြီးဖြစ်ပြီး တစ်အိမ်သားလုံး အတူတူလုပ်သင့်သည်။ ဒါပေမဲ့ သခင်မရှောင်းက အမေချန်နဲ့ သူမကို ဘာမှကူညီဖို့ မျှော်လင့်မထားဘူး။ ကိုယ့်သဘောအတိုင်း အိမ်သစ်ကို တဖြည်းဖြည်း အခြေချပြီး ပစ္စည်းတွေအကုန်လုံးကိုရွှေ့သည်။  ဥယျာဥ်ထဲမှာ ပန်းတွေ အပင်တွေကို စီစဥ်သည်။ အဆောင်တိုင်းရဲ့ အနွေးပေးမီးဖိုကို ရက်အချို့ မီးရှို့သည်။ ထပ်ပြီးတော့ အမေချန်သုံးတဲ့ ရွှေငွေ ကွပ်ထားတဲ့ ပစ္စည်းတွေကို တစ်ခါတည်းရွှေ့တာလည်း သိပ်မလိုတော့ဘူး။

အိမ်ပြောင်းတဲ့နေ့မှာ ချန်ရှောက်ချန်းက မိုးမသောက်ခင် ကတည်းက အနှိုးခံရပြီး ကြောင်နေတုန်းမှာပဲ အားကျုရဲ့ ဝအောင်ကျွေးပြီး နွေးထွေးအောင် ဝတ်ပေးတာ ခံလိုက်ရသည်။ ပြီးတော့ ထူထပ်တဲ့ သားမွှေးဝတ်ရုံကြီးကို ( အဖေချန် ပို့ပေးလာတဲ့ ) ထပ်ဝတ်လိုက်ပြီး လေးဖက်လေးနံလုံးကို လွှမ်းခြုံထားသည်။

ချန်ရှောက်ရှန်း လှည့်ပတ်ကြည့်လိုက်တော့ ရွှေချစ်သူ အမေချန်၊ ထော့ကျိုး ချန်ဦးလေး၂ ၊ ထမ်းစင် တစ်ခုအကွာက ရှက်တတ်တဲ့ ဝမ်းကွဲအမချန်၊ အိပ်ငိုက်နေတဲ့ ဝတုတ်ဝမ်းကွဲမောင်လေး ချန်အိုးလည်း  အထိန်းတော်ရဲ့ လက်ပေါ်မှာ ထိုင်နေတာ တွေ့ရသည်။ လူတန်းရှည်ကြီးက တံခါးဆီသို့ တိုးကပ်သွားနေသည်။

အခြားသူတွေက တော်သေးတယ်။ ငယ်ရွယ်တာ မဟုတ်ရင် ပိန်သေးကြတယ်။ အမေချန်ပဲ ဝဖြိုး ထွားကျိုင်းပြီး အမျိုးသမီး နှစ်ယောက်ခွဲစာလောက် ရှိသည်။ သခင်မရှောင်းက အစောကြီးထဲက ပြင်ဆင်ပြီးသားဖြစ်သည်။ သူတို့ကို သယ်ဖို့အတွက် သာမာန် အစေခံအစား သန်မာတဲ့ အစေခံအချို့ကို အထူးငှားရမ်းထားသည်။ ခြေလှမ်းတွေက လေထဲကလီလီပန်းတွေလို မိုးထိတဲ့ငှက်ပျောပင်လို နည်းနည်းစောင်းနေသေးသည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now