အခန်း 16-2

187 24 2
                                    

အခန်း ( ၁၆ ) အပိုင်း ၂

ရှောက်ရှန်းစိတ်ထဲမှာ အဒေါ်ကယ်ကို အံ့သြစွာ လေးစားသွားသည်။ ထပ်ပြီး ဘေးဘက်က ပုခုံးများတုန်ရီစွာ ခေါင်းငုံပြီး ငိုရှိုက်နေသော ချန်ယန်းကို ကြည့်ကာ မနာလိုစိတ် နည်းနည်း ဖြစ်ပေါ်လာသည်။  သခင်မရှောင်းက မျက်ရည်တွေသုတ်ကာ ပြုံးပြီးပြောလိုက်သည်။

''အစ်မ ဘာတွေပြောနေတာလဲ? ယန်းယန်း ဒီလိုမျိုး ရိုးသားပြီး သိက္ခာရှိနေတာ အကုန်လုံးက အစ်မဆီက  သင်ကြားထားတာပါ။ ဘယ်သူမှ အပိုမချီးကျုးဘူး´´

အဲ့ဒီနောက်မှာတော့ နှစ်ယောက်သားက တစ်ယောက်တစ်ပြန် ချီးကျုးကြတော့သည်။ ရှောက်ရှန်းက တိတ်တိတ်လေး မျက်လုံးလှန်လိုက်သည်။ အများကြီး စကားစမည် ပြောပြီးတဲ့ အခါမှာတော့ အဒေါ်ကယ်က နောက်ဆုံးမှာ အဓိက အချက်ကို ပြောလာသည်။ မျက်ရည်များနှင့်အတူ ချန်ယန်းအား သခင်မရှောင်းကို အပ်နှံရင်း ထပ်ကာထပ်ကာ ပြောသည်။

''တောရွာလို သေးငယ်တဲ့ နေရာလေးမှာ လောကကြီးကို မတွေ့ဖူးသလို မြို့တော်က စည်းမျဥ်းစည်းကမ်းတွေကိုလည်း နားမလည်ဘူး။ မင်းသူ့ကို ကောင်းကောင်းလေးပဲ သင်ကြားပေးပါ´´

''ယန်းယန်းက တုံးအပေမဲ့ တကယ့်ကို လိမ္မာပြီး စကားနားထောင်ပါတယ်။ ဒါ့ကြောင့် သူ့ကို စိတ်မရှိပါနဲ့´´

ပြောရင်းနဲ့ သူမက ချန်ယန်းလက်တစ်ဖက်ကို သခင်မရှောင်း လက်ထဲထည့်လိုက်ပြီး သခင်မရှောင်းက လေးနက်တည်ကြည်စွာ တုံပြန်လိုက်သည်။ နှစ်ယောက်သားရဲ့ ဟန်များနေတာကို ကြည့်ပြီး ရှောက်ရှန်းက စိတ်ထဲမှာ မျက်လုံးအကြီးကြီး လှန်လိုက်သည်။ ပိုင်သီ့ချန်မှာ သားကိုအပ်တာကလည်း ဒီလိုပါပဲလား။

{ ပိုင်သီ့ချန်မှာ သားကိုအပ်တာက သုံးနိုင်ငံခေတ်မှာ လျို့ပေ့ဟာ ပိုင်သီ့ချန်မှာ အပြင်းအထန် ဖျားနာတဲ့အခါ ကျုးကောလျန်ကို သူ့သား လျို့ချန်အား အပ်နှံခဲ့တာကို ပြောတာပါ။ }

အနာဂတ်မှာ ထပ်တွေ့ဖို့ မလွယ်ကူသောကြောင့် ချန်ယန်းက သူမ၏ ဒေါ်လေးနှင့် စကားပြောဖို့ ကျန်ရစ်ခဲ့သည်။ သခင်မရှောင်းက ရှောက်ရှန်းကို ပြန်ခေါ်သွားပြီး လမ်းမှာ အဒေါ်ကယ်၏ စကားကောင်းများကို မှတ်သားထားရန် ဆက်တိုက်ပြောနေသည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now