အခန်း 22-1

168 26 0
                                    

အခန်း ( ၂၂ ) အပိုင်း ၁

လူကြီးတွေက ကျယ်ပြန့်စွာ ဆွေးနွေးနေကြပေမဲ့ ဇာတ်လိုက်ဖြစ်တဲ့ ရှောက်ရှန်းက လုံးဝမလှုပ်ဘူး။ အားကျုရဲ့ ပြောမပြနိုင်တဲ့ အခက်အခဲကို အားရုံးရဲ့ ပြောချင်ပေမဲ့ မပြောနိုင်တာကို သခင်မရှောင်းရဲ့ ရှုပ်ထွေးတဲ့ အမူအရာကိုတောင် သူမက မမြင်သလို နေသည်။ နေ့စဥ်နှုတ်ဆက်တာကိုပဲဖြစ်ဖြစ် ထမင်းအတူတူ စားသုံးတာပဲဖြစ်ဖြစ် ဟန်ဆောင်နေရမယ်ဆိုရင်တောင် ဟန်ဆောင်နေသည်။

စိတ်ကြီးဝင်စွာ ပြောရရင် သူမရဲ့ အဖေအမေရင်းတွေ ကွာရှင်းတဲ့ နေ့ရက်ကတည်းက အပေအတေလေးက ပြန်လှည့်ကာ ခက်ခက်ခဲခဲ စာကြိုးစားပြီး အထက်တန်းကျောင်း အောင်မြင်ကာ နာမည်ကြီး တက္ကသိုလ်ကို ဝင်ရောက်ခဲ့သည်။ တကယ်ပဲ တုံးအသည့် မြို့လေးက မိန်းမတွေကို လန့်သွားစေသည်။ ဒီတစ်လျှောက်လုံးမှာ သူမက အတင်းအဖျင်းတွေထဲက ဘုရင်မပဲ ဟုတ်ပြီလား။

သာမာန် ရွက်ကြမ်းရေကျို လူတစ်ယောက် အကြောင်းကိုပဲ ဘယ်သူမှ ဘာမှမပြောတာ! သူမတို့ အဆောင်က စာပို့တဲ့ ညီမလေးကို ပြောသလိုပဲ သူမက သူမတို့ရွာမှာ တရုတ်ပြည်သူ့နိုင်ငံ တည်ထောင်ထဲကပထမဆုံး တက္ကသိုလ် ကျောင်းသူ၊ မိုင်တစ်ရာ အတွင်းက ရွာတွေကို လန့်သွားစေတာ ဟုတ်ပြီလား! အရင်နှစ်က ကြေးစည်ဗုံမောင်းတီး အလံတွေယမ်း ပန်းတွေကြဲကာ ရွာဂိတ်အထိ လိုက်ပို့ခဲ့ကြတာ!!

''မုရှု့ ဒီရက်ပိုင်း အစ်မဝမ်းကွဲက ညဘက်တွေမှာ ငိုတုန်းလား?''

ရှောက်ရှန်းက သူ့ရဲ့ နာကျင်နေတဲ့ လက်ကောက်ဝတ်ကို ပွတ်လိုက်သည်။ ချန်ရုံး၏ စာကြည့်စားပွဲကို အနိုင်ရပြီးနောက်မှာ အားကျုရဲ့ သူမကို လက်ရေးလှ လေ့ကျင့်ခိုင်းရန် စိတ်အားထက်သန်မှုက မတားနိုင်အောင်ပဲ ဖြစ်သည်။ မုရွှီဆိုတဲ့ ကောင်မလေးက ချောင်ကော်ကို ရှောက်ရှန်းအတွက် ထမင်းစားပွဲ နေရာချပေးရန် ကူညီပေးနေသည်။ လှပသည့် ဘဲဥပုံ မျက်နှာလေးမှာ နွေးထွေးစွာ ပြုံးလိုက်ပြီး

''သူတို့က ကျွန်မတို့ သခင်မလေးနဲ့ အတူရှိနေတာ ၁၀နှစ်ကျော်ပြီ။ တကယ်လို့ သူတို့ရဲ့ ထွက်သွားရမှုကို မတုန်လှုပ်ပဲနေရင် လူတို့တွေက သခင်မလေးကို အရမ်းသွေးအေးတယ်လို့ မပြောကြဘူးလား? ထပ်ပြောရရင် သုံးညတောင် ငိုပြီးသွားပြီ။ အဆင်ပြေသင့်ပြီ''

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now