အခန်း 32-1

202 33 3
                                    

အခန်း ( ၃၂ ) အပိုင်း ၁

ရှောက်ရှန်းက နူးညံ့ပြီး ယဥ်ကျေးတဲ့ တစ်ပတ်နွမ်း အင်္ကျီကို  လဲလှယ်လိုက်ပြီး သခင်မရှောင်းကို ချက်ချင်းပဲသွားဖို့ အရင်လူလွတ် အကြောင်းကြားလိုက်သည်။ အဲ့ဒီနောက် တည်ငြိမ်အေးဆေးစွာပဲ သွားသည်။ လမ်းတစ်ဝက်ရောက်တော့ သူမက ခဏစဥ်းစားလိုက်ပြီး အဲ့ဒီ့နောက် လျန်ဖန်းကို အစ်ကိုတွေအား အကူအညီတောင်းရန် သွားရှာခိုင်းသည်။ သူမကို အခြေအနေအား ပိုပြီးပြင်းပြင်းထန်ထန် ပြောဖို့ ခိုင်းလိုက်သည်။ မတော်ရင် မီးထလောင်လာနိုင်လို့ မီးသတ်သမားတွေ အဆင်သင့်ပြင်ထားရမယ်။

ကျိုကျွေးခန်းမကို ရောက်တဲ့အခါမှာ ချန်ရှီတို့ လင်မယားက အမြင့်မှာ ထိုင်နေပြီး ချန်ကျီနဲ့ သခင်မဆန်းက ဘေးဘက်မှာ ထိုင်နေသည်ကို တွေ့ရသည်။ အယောက်တိုင်းရဲ့ အမူအရာတွေဟာ ကွဲပြားကြသည်။ သခင်မရှောင်းက အသက်ပြင်းပြင်း ရှုထားပြီး နင်နဲ့ ကောင်းကောင်းရှင်းရမယ်ဆိုတဲ့ အမူအရာမှာ ရှင်းလင်းနေသည်။ သခင်မဆန်းက သူမကို စနောက်စွာ ပြုံးပြပြီး ငါနင့်ကို ကယ်မယ်ဆိုတဲ့ အဓိပ္ပာယ်နှင့် မျက်စိမှိတ်ပြသည်။ သူမက တကယ့်ကို ခံစားသွားရသည်။

ချန်ကျီက ဒေါသကို ထိန်းထားသည်။ သူက တရေးအိပ်မလို့ လုပ်နေသည်ကို ဇနီးဖြစ်သူက သေချာပေါက် အမေနှင့်သမီးရဲ့ ရန်ပွဲကို လာကြည့်ချင်ပြီး သူလည်းလိုက်ပဲ လာလိုက်ရသည်။ ချန်ရှီတစ်ယောက်သာလျှင် ရှောက်ရှန်းကို တွေ့သည်နှင့် ဘာကိစ္စဖြစ်မှန်း အစောကြီးထဲက သိပြီးသားဖြစ်သော်လည်း မထိန်းနိုင်ပဲ အကျယ်ကြီး အော်လိုက်သည်။

''ညောင်ညောင် ရန်ပွဲသေးသေးလို့ ပြောတာမဟုတ်ဘူးလား။ အဲ့ဒီ့ ယင်မျိုးရိုးက တကယ်ပဲ မင်းကို ဒီလိုပုံစံမျိုးဖြစ်အောင် ရိုက်လိုက်တယ်!  ငါ့ရဲ့ ကလေးရေ… မင်းနာနေလား…..´´

ကယ်ထိုက်ကုန်းက အရမ်းကို ချောမောခန့်ညားသည်။ သူ့ရဲ့ သားကြီးအနေနဲ့ သူဟာ တစ်ဝက်ကိုတောင် အမွေမဆက်ဆံခဲ့ဘူး။ ငယ်ငယ်တုန်းက သူဟာဘယ်လောက်တောင် ယူကြုံးမရ ဖြစ်ခဲ့လဲဆိုတာ ဘုရားသခင်ပဲ သိလိမ့်မည်။ မနည်းကို ချောမောလှပတဲ့ ကလေးလေး တစ်ယောက်ရှိတာကို။ သူ့အတွက် လွယ်ကူနေလို့လား? ယင်မျိုးရိုးက လာပြီးဖျက်ဆီးသေးတယ်! မနာလိုလို့များလား?

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now