အခန်း ( ၂၀ ) အပိုင်း ၂
ကျိုကျွေးခန်းမ အတွင်း၌ လူတွေအကုန်လုံးဟာ ခဏတာ တိတ်ဆိတ်နေကြသည်။ သခင်မချင်စုန်းက ချန်ယန်းရဲ့ နှာခေါင်းနဲ့ နှာခမ်းကြားကို ဖြေးဖြေးလေး ညှစ်ပေးလိုက်ပြီး ချန်ဖူကို ထွက်သွားခိုင်းလိုက်သည်။ ရှောက်ရှန်းက အကိုတွေကို ကြည့်ပြီး သူတို့ကလည်း သူမကို ကြည့်နေသည်။ သူတို့တွေရဲ့ စိတ်ထဲမှာ အဒေါ် ၃ ရဲ့ ရည်ရွယ်ချက်ကို နားလည်ကြသည်။
ထိုအချိန်တွင် ချန်ယန်းက နည်းနည်းသတိရလာပြီး လှည့်လာသည်။ အဲ့ဒီနောက် သူမဟာ လက်တွေနဲ့ ရှောက်ရှန်းရှေ့ကို တွားသွားလာကာ သူမရဲ့ အင်္ကျီလက်စကို ကိုင်ပြီး နာကျင်စွာ ငိုကျွေးရင်း ပြောသည်။
''ညောင်ညောင် ငါ့ကို မမုန်းပါနဲ့။ ငါရည်ရွယ်တာ မဟုတ်ပါဘူး။ နင့်ရဲ့ မတရား ခံရမှုက ဒီလောက်ကြီးလိမ့်မယ်လို့ ငါမသိခဲ့ဘူး''
'' အကုန်လုံးက ငါ့ရဲ့ အမှားပါ။ ပြီးတော့ အကိုတို့ .. တောင်းပန်ပါတယ်... တောင်းပန်ပါတယ်''
သူမရဲ့ အသံက မပီသတော့ပဲ ခေါင်းကိုပဲ ဦးချကာ တောင်းပန်နေသည်။ ငိုရှိုက်တာက စို့နင့်နေပြီး ချန်ညီအကို ၃ယောက်က ကြည့်ရတာ မကြည့်နိုင်တော့ဘူး။
''အစ်မဝမ်းကွဲ ကျွန်မ တကယ်ပဲ အမကို အပြစ်မတင်ပါဘူး''
ရှောက်ရှန်းက သူမတောင်းပန်တာကို တားဆီးလိုက်သည်။
''ဒီလောကထဲက ကိစ္စတွေက ဘယ်တုန်းကမှ မမျှတရုံပါပဲ...''
သူမက ချန်ယန်း၏ ရှုပ်ပွနေသော အဝတ်ကို ကူညီပြီး ပြင်ပေးလိုက်သည်။
''အစ်မဝမ်းကွဲ နင်က နေရာတိုင်းမှာ အမေမရှိပေမဲ့ နေရာတိုင်းမှာ အမေရှိသလိုပဲ။ ငါကတော့ သေချာပေါက် တကယ့်ကို အမေရှိရဲ့သားနဲ့ အမေ မရှိသလိုပဲ!''
ချန်ရုံးက အသံတိုးတိုးနဲ့ ဟန့်တားလိုက်သည်။
''ညောင်ညောင် လျှောက်ပြီး မပြောနဲ့!''
ရှောက်ရှန်းက လက်ကို ဖြန့်လိုက်ပြီး
''ဒါဆို ညီမ မပြောတော့ဘူး''
ချန်ရှောက်ကုန်းက သုန်မှုန်စွာဖြင့်
''အစ်မဝမ်းကွဲက ငယ်ငယ်လေးထဲက ချန်အိမ်တော်က ထွက်သွားပေမဲ့ သူ့ရဲ့ ဒေါ်လေးက သူ့ကို ရတနာလို ဆက်ဆံတယ်။ ချန်အိမ်တော်ကို ပြန်လာတဲ့ အချိန်မှာ အမေက ထပ်ပြီး သူ့ကို အသည်းနှလုံးလို့ သတ်မှတ်ထားတယ်''
YOU ARE READING
love like the galaxy { myanmar translation } (Unicode & Zawgyi
Romancecredit to original owner Guan Xin Ze Luan