{chinese novel တော်တော်များများက သမိုင်းကို အခြေံထားပါတယ်။ သမိုင်းကို မသိရင် ဖတ်ရတာ တစ်ခါတလေ နားမလည်တတ်ပါဘူး။ ဒါကြောင့် သမိုင်းလေးကို နည်းနည်းဘာသာပြန်ထားပါတယ်။ YOUTUBE VIDEO ကို ဘာသာပြန်ပေးထားတာမို့ အမှားပါရင်ခွင့်လွတ်ပါ။ 😁😁}
ဒီ drama က အရှေ့ဟန်ခေတ် အစောပိုင်းကာလကို အခြေခံထားပါသည်။ ဇာတ်လမ်းထဲက emperor wen က အရှေ့ဟန်ရဲ့ နန်းဦးတည်မင်းကြီး emperor Guang wu ဖြစ်သည်။ အမည်က liu xiu ဖြစ်သည်။
သူက အနောက်ဟန် emperor Kaung Zu , Liu Bang ရဲ့ ၉ ဆက်မြောက် မျိုးဆက် ဖြစ်၏။ Liu Bang က ဟန်ခေတ် နန်းဦးတည် ဘုရင်ဖြစ်ပြီး အနောက်ဟန်ကို တည်ထောင်ခဲ့သည်။ အနောက်ဟန် တည်ထောင်ပြီး နှစ်ပေါင်း ၂၀၀ အကြာမှာ Liu မျိုးနွယ် အများစုဟာ ချမ်းသာကြွယ်ဝမှုနဲ့ အာဏာကို ဆုံးရှုံးခဲ့ကြသည်။
Liu Xiu ရဲ့ မျိုးနွယ်မှာလည်း အတူတူပဲ ဖြစ်သည်။ သူ့ရဲ့ဖခင်က ပြည်နယ်တရားသူကြီး တစ်ယောက်သာ ဖြစ်သည်။ သူ၏ဖခင် ဆုံးပါးချိန်မှာ သူဟာ အသက်၉ နှစ်သာရှိသေး၏။ သူ၏ဦးလေး ( Lord Ru Yang in drama ) ကသူနှင့် ညီအကို မောင်နှမများကို မွေးစားခဲ့သည်။
9 AD မှာ Wang Meng က ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ အနောက်ဟန်ခေတ် ကို ပြီးဆုံးစေခဲ့ပြီး Xin နိုင်ငံကို တည်ထောင်ခဲ့သည်။ ထိုနိုင်ငံဟာ အချိန်ကာလတိုတောင်းပြီး ၁၆ နှစ်သာ ကြာရှည်ခဲ့သည်။ Liu မျိုးဆက်တွေ၊ မျိုးရိုးမြင့်တွေနဲ့ အရာရှိတွေဟာ သူ့ရဲ့ ( Weng Meng ) အုပ်စိုးစဥ်မှာ ပုန်ကန်ခဲ့ကြသည်။
Liu Xiu ကလည်း တစ်ယောက်အပါအဝင် ဖြစ်တယ်။ Liu Xiu ဟာ သူ့ရဲ့ ညီအကိုတွေနဲ့ အတူတူ ပုန်ကန်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံလုံးဟာ ရှုပ်ထွေးခဲ့သည်။ အဲ့အချိန်မှာ Liu Xiu ဟာ Yin Li Hua ( Consort Yue in drama ) နဲ့ လက်ဆက်ခဲ့သည်။ သူဟာ lady Yin နဲ့ လွန်ခဲ့တဲ့ ၉နှစ် အသက်၂၀ စာသင်သားအရွယ်မှာ သူ့ညီမယောကျာ်း Yin မျိုးနွယ်နှင့် အဆက်အသွယ်ရှိသူကြောင့် ပထမဆုံးအကြိမ်တွေ့ခဲ့သည်။
Lady Yin ဟာ သိမ်မွေ့ပြီး လှပသော မျိုးနွယ်မြင့် သခင်မလေးတစ်ယောက် ဖြစ်သည်။ Yin မျိုးနွယ်၏ ဘိုးဘေးမှာ နာမည်ကျော် အတွေးအခေါ် ပညာရှင်နှင့် နိုင်ငံရေး ပညာရှင် Guan Zhong ဖြစ်သည်။ သို့သော်လည်း လက်ထပ်ပြီး ၃ လအကြာတွင် Liu Xiu ဟာ အဝေးသို့ စစ်တိုက်ရန် ထွက်သွားခဲ့ရသည်။ သူဟာ ဇနီးသည်ကို လုံခြုံစေရန် အိမ်တွင်ထားခဲ့သည်။
YOU ARE READING
love like the galaxy { myanmar translation } (Unicode & Zawgyi
Romancecredit to original owner Guan Xin Ze Luan