အခန်း ( ၂၈ ) အပိုင်း ၁
ချောင်ကျသည့် လမ်းသွယ်လေးထဲတွင် ယွမ်ရှန်သည် ခဏတာထပ်၍ ရပ်နေသည်။ အစေခံကောင်လေးနှင့် လှည်းမောင်းသမားက လာပြီးတိုက်တွန်းမှသာ လှည်းပေါ်သို့ ဖြေးညှင်းစွာ တက်လိုက်သည်။ နောက်ထပ် လမ်းကြမ်းကို စီးပြီး မျိုးနွယ်စုတို့ နေထိုင်ရာ ကျင်ယန်ဖန်ကို ရောက်တော့ မီးထွန်းညှိချိန်ရောက်နေပြီ ဖြစ်သည်။ ယွမ်အိမ်တော်ဟာ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာသည့် ရှေးဟောင်းအိမ်တော်ကြီး တစ်ခုဖြစ်သည်။
ကြယ်စင် နေရာအတိုင်း စိုက်ပျိုးထားသည့် သစ်ပင်ကြီး ၁၀ပင်ဟာ ရှေးဟောင်း သစ်ပင်ကြီးတွေ ဖြစ်နေပြီဖြစ်ပြီး သန်မာသည့် အကိုင်းအခက်များက အုပ်မိုးကာ အိမ်တော်တစ်ခုလုံးကို ထူထပ်စွာ အရိပ်ထိုးနေကာ ကြီးမား၍ တိတ်ဆိတ်အေးချမ်းနေသည်။ ငယ်ရွယ်စဥ်တုန်းက ယွမ်ရှန်ဟာ ဒီနေရာမှာ သွားတဲ့အချိန်တွင် အစေခံကြီးက မီးအိမ်နှင့် ဦးဆောင်လျှင်တောင် သူကမကြာခဏ ကြောက်ရွံ့လေ့ရှိသည်။ ဒါပေမဲ့ သူ့အမေက သူ့ကိုပြောသည်။
'ဒီလောကရဲ့ ကိစ္စတွေက မင်းမကြောက်ရင် ရောက်လာမှာ မဟုတ်ဘူး။ လကပြည့်ဖို့ခက်သလို လူကလည်း ပြီးပြည့်စုံဖို့ ခက်ခဲတယ်။ မင်းက ဒီလောကကို အသားကျဖို့ သင်ယူရမယ်´။ အခုသူက မကြောက်တော့ဘူး။ အဆောင်ကို ပြန်ရောက်တဲ့ အခါမှာ နွေးထွေးကြင်နာတဲ့ အဖွားအိုကြီး တစ်ယောက်က လာပြီးနှုတ်ဆက်ကာ ပြုံး၍ပြောသည်။
''နောက်ဆုံးတော့ သခင်လေး ပြန်လာပြီ။ မနက်အစောကြီးထဲက ထွက်သွားတာ အအေးမိမှာလည်း မကြောက်ဘူး´´
ပြောနေရင်းနဲ့ အစေခံတွေကို ယွမ်ရှန်အား အဝတ်လဲပေး၍ စွပ်ပြုပ်ပူပူ ဆက်သရန် စေခိုင်းလိုက်သည်။
''အမေ ဘာလုပ်နေလဲ´´
ယွမ်ရှန်က ရေနွေးဝတ်ကိုသုံးကာ လက်ကိုနွေးထွေးစေလိုက်ပြီး မေးလိုက်သည်။ အဖွားအိုက အနည်းငယ်လန့်သွားပြီး ပြုံးကာပြောသည်။
''သခင်မက အမွှေးနံ့သာ ပူဇော်ပြီး ရှိခိုးနေတုန်းပါပဲ။ သခင်လေး သခင်မကိုရှာတာ ကိစ္စရှိလို့လား´´
YOU ARE READING
love like the galaxy { myanmar translation } (Unicode & Zawgyi
Romancecredit to original owner Guan Xin Ze Luan