အခန်း 7-2

285 31 1
                                    

အခန်း ( ၇ ) အပိုင်း ၂

အမေချန်ဟာ သံကစတီး မဖြစ်တာကို မုန်းမိတယ်။ သူမက လက်သီးကိုမြှောက်ပြီး သားပုခုံးကို နာနာရိုက်လိုက်တယ်။

''နင် ဒီအသုံးမဝင်တဲ့ဟာ ´´

''ဒီလို မိသားစုက ပျက်စီးပြီး ပိုင်ဆိုင်မှုတွေ ရောင်းလိုက်ရတဲ့ နောက်တစ်ကြိမ် လက်ထပ်တဲ့ မိန်းမကို နင်က ဒီလောက် တန်ဖိုးထားနေသေးတယ်´´

''သူ့က နင့်လိုအရူးကို လက်မထပ်ရင် ဘယ်သူ့ကို လက်ထပ်နိုင်ဦးမှာလဲ´´

''သားက တန်ဖိုးထားတယ်..!´´

ချန်ရှီက နာသွားတဲ့ ပုခုံးကိုအုပ်ပြီး မထုံတက်တေး ပြောလိုက်တယ်။

''သားငယ်ငယ်တုန်းက ရှောင်းအိမ်တော်မှာ သူ့ကိုတွေ့လိုက်တဲ့ အချိန်တည်းက သားသူ့ကို တန်ဖိုးထားတယ်´´

''သူကလွဲပြီး သားဘယ်သူ့ကိုမှ လက်မထပ်ချင်ဘူး´´

''လောကကြီး ရှုပ်ထွေးသွားတဲ့ ကျေးဇူးနဲ့ မဟုတ်ရင် သားမှာ ဘယ်လိုလုပ်ပြီး ဒီလိုကံကောင်းမှုမျိုး ရှိမှာလဲ´´

စကားပြောင်းသွားတော့ သူကထပ်ပြောလိုက်တယ်။

''အမေလည်း ဒီလိုတန်ဖိုးနည်းတဲ့ စကားမပြောနဲ့´´

''ရှောင်းအိမ်တော်က ပျက်စီးသွားပေမဲ့ အရင်တုန်းက ယွမ်ယီကို လက်ထက်ချင်တဲ့သူ မရှိတာ မဟုတ်ဘူး´´

''အမေကသူ့ကို အားရှီးလို့ ထင်နေလား´´

''တစ်ခေါက် နှစ်ခေါက် ထပ်ပြီးဒီလောက် ခန်းဝင်ပစ္စည်း အများကြီး တိုးပေးမှ လက်ထပ်လို့ ထွက်သွားတယ်´´

အငယ်ဆုံး သမီးကို ပြောတော့ အမေလည်း စိတ်ပျက်အားလျော့သွားပြီး သက်ပြင်းပဲချလိုက်တယ်။
ချန်ရှီက ဆက်ပြောတယ်။

''ယွမ်ယီက အမျိုးသမီးတွေထဲက သူရဲကောင်းပဲ´´

''တွက်ကြည့်လိုက်ရင် သူကသားနဲ့ ဒီနှစ်တွေမှာ မိုးထဲလေထဲ ဓားတောင် မီးပင်လယ်ကို အတူလိုက်ခဲ့တယ်
ဘယ်နှကြိမ်တောင် သားရဲ့အသက်က အန္တာရာယ်ရှိခဲ့လဲ´´

''ယွမ်ယီကလာပြီး ကူညီထောက်ပံ့ပေးလို့ တော်သေးတယ်´´

''ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်..!!´´

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now