အခန်း 20-1

176 30 1
                                    

အခန်း( ၂၀ ) အပိုင်း ၁

ခန်းမအတွင်း၌ ခဏတာ တိတ်ဆိတ်နေသည်။ သခင်မရှောင်း၏ ရင်ဘတ်သည် အသက်ရှု မရတော့သလို ပိတ်ဆို့နေသည်။ သူမဟာ နဂိုကတည်းက ဆုံးဖြတ်ချက်ပြတ်သားပြီး ခိုင်မာသည်။ ဆုံးဖြတ်ချက် ချပြီးသည့် ကိစ္စကို ဘယ်တော့မှ နောက်ပြန်မဆုတ်ပေ။ သို့ပေမဲ့ ဒီတစ်ခေါက်မှာတော့ သားသမီးတွေရဲ့ ခုခံမှုကို ဆန့်ကျင်ပြီး သူမက ကြိမ်းမောင်းလို့ မရသလို အပြစ်ပေးလို့လည်း မရဘူး။

သူမက သူ့ကိုယ်သူ ဆက်တိုက်ပြောနေသည်။ ' နင်မမှားဘူး။ ယန်းယန်းက လိမ္မာပြီး ရိုးသားတယ်။ တကယ်လို့ ကာကွယ်မပေးရင် သူက အနိုင်ကျင့်ပဲ ခံရလိမ့်မယ်။ နင်က ဒီမကောင်းတဲ့ဟာကို ဖိနှိပ်သင့်တယ်။ ယန်းယန်းကို နစ်နာစေလို့ မဖြစ်ဘူး။ ´ ဒီလိုက မကောင်းဘူးဆိုတာကို သူမစိတ်ထဲမှာ သိနေပေမဲ့ပေါ့။

တစ်ချိန်လုံး စကားဝင်မပြောသည့် ချန်စုန့်သည် အလန့်တကြား ထရပ်လိုက်ပြီး အကုန်လုံးကို လန့်သွားစေသည်။ အခုချိန်တွင် သူ့၌ ပြုံးရိပ်ယောင် နည်းနည်းလေးမှ မရှိပဲ ခြေလှမ်းကျဲကြီးအချို့ ရှေ့ကိုတိုးလာတာ တွေ့လိုက်ရသည်။ တစ်ခါတည်း အထိန်းတော်၏ ဆံထုံးကို ဖမ်းဆုပ်ကာ တံခါးဝရောက်သည်အထိ ဆွဲခေါ်သွားပြီး ထို့နောက် လက်ကိုအားထည့်ကာ  ဆင်ဝင်အောက်ကို ပြင်းပြင်းထန်ထန် လွှင့်ပစ်လိုက်သည်။ အော်သံတစ်ချက်ပဲ ကြားလိုက်ရပြီးနောက်မှာ ထိုအထိန်းတော်ဟာ တိတ်ဆိတ်သွားသည်။

ချန်ယန်းက လန့်ဖန့်ကာ တစ်ချက်အော်လိုက်ပြီး ချန်ဖူကိုယ်ပေါ်သို့ မေ့လဲကျသွားသည်။ ချန်ဖူကလည်း တုန်ယင်နေသည်။ အရင်တုန်းက ကယ်အိမ်တော်မှာ သူတို့က ဒီလို အခြားသခင်မလေးတွေရဲ့ ပစ္စည်းကို မလုပ်ဖူးတာမျိုး မဟုတ်ဘူး။ ကယ်အိမ်တော် သခင်မက အမြဲတမ်းဒါကို ပေါ့ပေါ့ပါးပါးပဲ ထားခဲ့ပြီး ထို့ကြောင့် သူတို့က အသားကျသွားကြသည်။

အခု သူမက ချန်အိမ်တော်က ကယ်အိမ်တော် မဟုတ်ဘူးဆိုတာ နောက်ဆုံးတော့ နားလည်သွားသည်။ ကိုယ့်ဟာကို အရမ်းယုံကြည်ချက် ရှိနေလို့မရဘူး။ သခင်မရှောင်းက အစတုန်းက သားလတ်ကို မာန်မဲချင်သည်။ မထင်မှတ်ပဲ ချန်စုန့်က ခေါင်းပြန်လှည့်လာတော့ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ ရှိနေပြီး မျက်နှာမှာ ဝမ်းနည်းမှုနဲ့ ဒေါသတွေ ရှိနေသည်။ သူမက မာန်လို့မထွက်တော့ဘူး။ ချန်စုန့်က ပြန်လျှောက်လာပြီး ချန်ရုံးဘေးမှာ ဆောင့်ပြီးဒူးထောက်ချကာ အကျယ်ကြီး ပြောလိုက်သည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now