အခန်း 18-2

161 24 1
                                    

အခန်း ( ၁၈ ) အပိုင်း ၂

သခင်မရှောင်းက ဒီစကားကိုကြားတော့ အံ့သြစွာ ပြောလိုက်သည်။

''အဲ့ဒါက သားကြီးနင့်ကို လက်ဆောင်ပေးတဲ့ စာကြည့်စားပွဲ? ´´

ရှောက်ရှန်း ပါးစပ်မဟခင်မှာပဲ ချန်ယန်းဘေးက အထိန်းတော်က ပြောလိုက်သည်။

''အကြီးဆုံး သခင်လေးက သခင်မလေး၄ကို စာကြည့်စားပွဲတစ်ခု ပေးတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သေချာပေါက် အဲ့စန္ဒကူးနီ စားပွဲတော့ မဟုတ်ဘူးမလား´´

လျန်ဖန်းက စိတ်လှုပ်ရှားစွာ ငိုပြီးပြောလိုက်သည်။

''သေချာပေါက် အဲ့ဒီစာကြည့်စားပွဲပဲ! သေချာပေါက်ပဲ သေချာပေါက်ပဲ!´´

အဲ့ဒီ့ အထိန်းတော်က ယဲ့ယဲ့ပြုံးပြီး ပြောသည်။

''အဲ့ဒါက အကြီးဆုံးသခင်လေးက သခင်မလေး၄ကို လက်ဆောင်ပေးတာ ဆိုမှတော့ ဘယ်လိုလုပ်ပြီး ငါတို့ သခင်မလေး နေရာကို ရောက်နေတာလဲ? ဒါကလည်း လမ်းကြောင်းမသင့်ဘူးလေ´´

ဘေးနားက ချန်ယန်းက စိုးရိမ်ပူပန်လို့ မျက်နှာလေး ရဲနေပြီး တိုးတိုးလေး ပြောလိုက်သည်။

''အထိန်းတော် မပြောနဲ့တော့။ မပြောနဲ့တော့ ´´

လျန်ဖန်းက စိုးရိမ်စွာ ပြောလိုက်သည်။

''အဲ့ဒါ ချန်ဖူက ကျွန်မကို အဲ့ဒီကိုရွေ့ဖို့ ပြောတာ´´

ထိုအထိန်းတော်က စိုက်ကြည့်ပြီး ပြောလိုက်သည်။

''အဓိပ္ပာယ်မရှိတာ!! ချန်ဖူက နင်တို့ရဲ့ ခေါင်းကိုရိုက်ခံရပြီး မူးမေ့သွားတာ အခုချိန်အထိ မနိုးသေးဘူး။ ဒါ့ကြောင့် နင်က အပြစ်ကို သူ့ခေါင်းပေါ် ပုံချလိုက်တာလား?´´

ရှောက်ရှန်းက လျန်ဖန်းလည်း ဆိုးဆိုးဝါးဝါး အရိုက်ခံထားရတာကို တွေ့လိုက်ရသည်။ ဘယ်ဘက်မျက်လုံးက နီရဲရောင်ကိုင်းနေပြီး ပါးတွေက ဖောင်းဝရောင်ကိုင်းကာ စကားပြောတာတောင် လွယ်လွယ်ကူကူ မပြောနိုင်တော့ဘူး။ နည်းနည်းလေး ပြုံးပြီးပြောလိုက်သည်။

''ဒါက မလွယ်ကူဘူးလား။ အစ်မဝမ်းကွဲကို အဲ့စာကြည့်စားပွဲက သူ့ဟာဟုတ်လားဆိုတာ ကြည့်ခိုင်းလိုက်ရင် ရှင်းလင်းမသွားဘူးလား? ´´

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now