အခန်း 24-1

209 27 1
                                    

အခန်း ( ၂၄ ) အပိုင်း ၁

နှစ်ရက်ကြာသောအခါ ချန်အိမ်တော်က ဧည့်သည်များကို ပွဲတော်တည်ဧည့်ခံသည်။ အိမ်တော်တစ်ခုလုံးကို မီးပုံးများဖြင့် အလှဆင်ထားပြီး အသစ်ရှင်းလင်းထားသည်။ အမေချန်က နောက်ဆုံးတော့ သူမမျှော်လင့်နေတဲ့ သူမရဲ့ ထင်ရှားပေါ်လွင်သည့်နေ့ကို ရောက်ရှိလာခဲ့သည်။ မနက်အစောကြီးထ၍ ထမင်းသုံးပန်းကန်နှင့် အသားစွပ်ပြုပ်ကို သုံးဆောင်ပြီးမှသာလျှင် ရပ်လိုက်ပြီး စီရှင်းခန်းမထိပ်ဆုံး အမြင့်နေရာတွင် ထိုင်ကာ ဧည့်သည်များလာရောက် နှုတ်ဆက်ဂါဝရပြုသည်ကို စောင့်နေသည်။

ချန်ရှီက သူ၏ညီအကိုတွေနှင့် သားများကို ဦးဆောင်ကာ အဓိကဝင်ပေါက်တွင် ဧည့်သည်များကို ကြိုဆိုနေသည်။ သခင်မရှောင်းနှင့် သခင်မဆန်းကတော့ အတွင်းဆောင်ထဲတွင် အလုပ်ရှုပ်နေသည်။ ရှောက်ရှန်းက ယနေ့တွင် ချန်ယန်းနှင့်ဆင်တူ ဝတ်ဆင်ထားသည်။ အနီရောင် လင်ဇီထိုးထားသည့် ကော်လံသုံးလွှာ ပိုးထည်ကို ဖြူဆွတ်နေသည့် အတွင်းသား ဝတ်စုံနှင့် တွဲဖက်ထားပြီး တကယ့်ကို တောက်ပကျက်သရေ ရှိနေသည်။

သခင်မရှောင်းရဲ့ အလှအပ ခံစားတတ်မှုမှာ ပြဿနာမရှိပဲ ပြဿနာရှိနေသည်က သုမ၏ လက်ရှိ စိတ်အခြေအနေဖြစ်သည်။ ချန်ယန်းဟာ မျက်လုံးကြီးကြီး လုံးဝန်းသည့် မျက်နှာနှင့် ကျန်းမာသော အသားအရေကို ပိုင်ဆိုင်ထားပြီး ကျက်သရေရှိသည့် အလှဟာ ပြောလို့ရသည်။ သို့ပေမဲ့ ဆင်တူဝတ်ဆင်လိုက်ချိန်တွင် ရှောက်ရှန်း အရွယ်မရောက်သေးသော်လည်း သူမ၏ အသားအရေဟာ နူးညံပြီး ဖြူဖွေးသည်။ တောက်ပသည့် မျက်လုံးများနှင့် သူမဟာ ချန်ယန်းကို ရွာသူလို ဖြစ်သွားစေသည်။

သခင်မရှောင်းက မျက်နှာပေါ်တွင် နွေဦးလေပြေလို ပြုံးထားပြီး တမင် သခင်မရှောင်းအား လှမ်းကြည့်လိုက်သည်။ သခင်မရှောင်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး စဥ်းစားကြည့်လိုက်တော့ ရယ်စရာကောင်းသည်လို့ ခံစားရသည်။ အမေချန် ဒီနေ့ ဝတ်ဆင်ထားပုံက အနီရောင် မီးပုံးအကြီးကြီးလို ဖြစ်သည်။ ခန္တာကိုယ်မှာ ရွှေငွေတွေနှင့် ပြည့်နှက်နေပြီး တောက်ပြောင်နေသည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now