အခန်း 8-1

226 30 1
                                    

အခန်း (၈ ) အပိုင်း ၁

သခင်မရှောင်းရဲ့ ပျော်ရွှင်မှုက ဘယ်လောက်မှ မကြာလိုက်ရဘူး။ ချန်ရှီအခန်းကို ပြန်လာတာစောင့်ပြီး ခင်ပွန်းခေါင်းပေါ်က ဘုသီးကို မြင်တော့ အကြောင်းအရင်းကို မေးပြီးနောက်မှာ သူမက ရုတ်တရက် အသက်ရှုကြပ်သွားတယ်။ ယွန်းထည် သစ်သားသေရည်ခပ်တုတ်ချောင်းကို ယူလာပြီး သူ့ရဲ့ ခေါင်းအခြားတစ်ဖက်မှာ ဘုထွက်အောင် ထုလိုက်တယ်။ စစ်သူကြီးချန်ကို သေချာတစ်စုံဖြစ်အောင် ပြောင်းပေးလိုက်တယ်။

အဲ့ဒီ့ညမှာ ချန်ရှီက အမေချန် ဒေါသပျောက်ကွယ် သွားတဲ့အထိ စောင့်နေပြီး နဖူးပေါ်မှာ ဘုသီးတစ်စုံ ညီညီနဲ့ အမေချန် အခန်းထဲကို ထပ်သွားလိုက်တယ်။ နောက်ဆုံးတော့ နေ့ခင်းက မပြလိုက်ရတဲ့ သရုပ်ဆောင် အစွမ်းကို ခံစားချက်အမှန်ရောပြီး ကောင်းကောင်းပြလိုက်တယ်။ သားအမိနှစ်ယောက်က နောက်ဆုံးတော့ အဆင်ပြေသွားတယ်။

နောက်အဆင့်ကတော့ အခြေအနေကို ခိုင်မြဲအောင် လုပ်တာဖြစ်တယ်။ အရင်ဆုံး ချန်ရှီက ပင်ပန်းဆင်းရဲမှုတွေ ခံစားခဲ့ရတဲ့ မျက်နှာနဲ့ မီးခိုးရောင် ဆံပင်ရှိတဲ့ မအမေအိုကြီး တစ်ယောက်ကို ခေါ်လာတယ်။  သူမကိုတွေ့တော့ အမေချန်က မျက်ရည်ကျလာတယ်။
တုံမိသားစု ချမ်းသာတဲ့ အချိန်တုန်းက တုံထိုက်ကုန်းဟာ ကျွမ်းကျင် လယ်သမားအလုပ်သမားတွေကို ငှားရမ်းဖူးတယ်။

အမေချန်ဟာ တောရွာမှာ သူမနဲ့အတူတူ ကစားရင်း ကြီးပြင်းလာပြီး သူတို့တွေဟာ ညီအမတွေလိုမျိုးဖြစ်တယ်။  နောက်ပိုင်းမှာတော့ မိသားစု စီးပွားရေးက ခက်ခဲလာပြီး တုံထိုက်ကုန်းက အကူအညီ လယ်သမားတွေကို ဖြုတ်လိုက်ရတယ်။

သခင်မရှောင်းက အကြံအစည်ကြီးမားတယ်။ ခင်ပွန်းနဲ့အတူ အရပ်လေးမျက်နှာမှာ တိုက်ခိုက်ရင်း ကျေးရွာတူ မျိုးနွယ်တူက လူတွေကို တစ်ချိန်လုံး အလေးထား ရှာဖွေခဲ့တယ်။ အစကတော့ တုံအိမ်ရဲ့ အဝေးက ဆွေမျိုးအချို့ကို အကူအညီတောင်းဖို့ ရှာချင်ခဲ့တယ်။ ဒါပေမဲ့ ရှာဖွေရင်း ဘာသတင်းမှ မရခဲ့ဘူး။ သေချာပေါက် တုံအိမ်ရဲ့ ဆွေမျိုးတွေဟာ အကုန်လုံးနီးပါး သေဆုံးသွားကြပြီ။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now