အခန်း 29 - 1

185 25 2
                                    

အခန်း ( ၂၉ ) အပိုင်း ၁

သခင်မရှောင်းက ဘက်လိုက်လိုက် မလိုက်လိုက် ရှောက်ရှန်းဟာ တစ်ဖက်သားရဲ့ အရည်အချင်းဟာ ပြောစရာမရှိဘူးဆိုတာတော့ ဝန်ခံရမည်။ အဲ့နေ့က ပွဲတော်မှာ ပထမဆုံး သိကျွမ်းခဲ့ပြီး မကြာခင်မှာပဲ သူမနဲ့ သခင်မယင်တို့ဟာ မိတ်ဆွေများ ဖြစ်လာကြသည်။ စာနှင့် လက်ဆောင်ပစ္စည်းများ မကြာခဏ လဲလှယ်ကြသည်။ ဒါ့ကြောင့်မို့လို့ ချန်ဦးလေး ၂ စာလေ့လာဖို့ ထွက်သွားပြီး တတိတယမြောက်နေ့တွင် ချန်ယန်းရဲ့ ငိုလို့နီနေတဲ့ မျက်စိတွေတောက် မကောင်းသေးခင်မှာပဲ ယင်မိသားစု၏ အစေခံဟာ ဖိတ်စာလာပို့ခဲ့သည်။

ချန်ရှီက အရမ်းကို နှမျောတသဖြစ်ပြီး စောစောကသိရင် ချန်ချန်ကို နောက်ထပ်ရက်နည်းနည်းကြာမှ သွားခိုင်းတယ်လို့ ပြောသည်။ ယင်အိမ်တော်ကိုသွားပြီး စာပေအရာရှိနဲ့ ပညာရှင်အချို့ကို မိတ်ဆွေဖွဲ့ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ချန်ကျီကို သွားပြီးတော့ ချန်ချန်ကို ပြန်ခေါ်ခိုင်းချင်သေးသည်။

နောက်ဆုံးတော့ အမေချန်က လုံးဝသဘောမတူဘူး။ ရှောင်းနှင့်ဆန်း သခင်မနှစ်ယောက်ဟာ ယန်းယန်းနှင့် ရှောက်ရှန်းကို အတင်းဆင်တူ ပြင်ဆင်ပေးသည်။ ဒီတစ်ခေါက်တော့ သမီးယောင်းမနှစ်ယောက်ဟာ သဘောထား တူညီကြပြီး ကောင်မလေးနှစ်ယောပိကို အတူတူ ရိုးရိုးရှင်းရှင်းနှင့် သိက္ခာရှိသည့်ပုံစံ ပြင်ဆင်ပေးကြသည်။

လမ်းတွင် ဝမ့်အိမ်တော်အသစ်၌ ရပ်ပြီး စစ်သူကြီးဝမ့်လင်မယားနှင်အတူ သမီးငယ်ချီးချီးနှင့် တွေ့ကာ မိသားစုနှစ်ခုဟာ အတူတူ ယင်အိမ်တော်သို့ ထွက်ခွာလာကြသည်။

''အဲ့ဒီယင်အိမ်တော်ကို ငါအရင်က သွားဖူးတယ်။ လူက တကယ့်ကိုများတယ်။ အခုချိန်အထိ ငါက သူ့အိမ်မှာ အခန်းဘယ်လောက်ရှိမှန်း မပြောနိုင်ဘူး´´

ဝမ့်ချီးချီးက ပျော်ရွှင်တက်ကြွစွာဖြင့် ပြောသည်။

''အမေက ပြောဖူးတယ်။ အဲ့ဒီ လူကြီးမင်းယင်ကလေ အစတုန်းက ယင်မျိုးနွယ်ရဲ့ မိသားစုခေါင်းဆောင် မဟုတ်ဘူး။ နှမျောစရာ ကောင်းစွာနဲ့ သူ့ရှေ့က အစ်ကိုတွေက သတ်ခံလိုက်ရပြီး ယင်အိမ်တော်ရဲ့ မိုးသက်လေပြင်း အခက်အခဲတွေ ကြားထဲမှာ သူက မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာတာ ´´

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now