အခန်း (၇ ) အပိုင်း ၁
အမေချန်က မှင်တက်စွာနဲ့ ချွေးမဖြစ်သူ အပြင်ထွက်သွားတာကို ကြည့်နေတယ်။ ပြတင်းပေါက်နဲ့ တံခါးကိုတောင် ပိတ်သွားသေးတယ်။ အခန်းထဲမှာ ချန်သားအမိ နှစ်ယောက်ပဲ ကျန်ခဲ့တယ်။ အလယ်မှာ မြွေခေါင်းနဲ့ မြွေကိုယ်ထည်ပတ်နေတဲ့ပုံ ကြေးဇလုံထဲက မီးသွေးမီးက အက်ကွဲသံသဲ့သဲ့ ထွက်နေတယ်။
ချန်ရှီက တင်းကြပ်နေတဲ့ လက်နှစ်ဖက်ကို လျှော့လိုက်ပြီး အမေချန်ကို အိပ်ရာပေါ်မှာထိုင်ဖို့ ရိုသေစွာ ကူညီပေးလိုက်တယ်။ ခုနက အေးစက်နေတဲ့ လေသံကို ပြောင်းလိုက်ပြီး နူးညံစွာ ပြောလိုက်တယ်။
''အမေ....´´
''သားကိုမတွေ့တာ ၁၀နှစ် ရှိပြီ´´
''အမေသားကို ပြောင်းလဲသွားလား ကြည့်ပါဦး..´´
ဒီလိုနူးညံတဲ့ အဖွင့်စကားပြောကို သခင်မရှောင်းကသူ့ကို ၇ခေါက် ၈ခေါက်လောက် သင်ပေးထားပြီး သူကိုယ်တိုင်လည်း တော်တော်အဆင်ပြေနေပြီလို့ ထင်တယ်။
အမေချန်က ဒီစကားကိုကြားတော့ မျက်ရည်တွေ မိုးရွာသွန်းသလို ကျလာတယ်။ သားရဲ့ ကြမ်းတမ်းပြီး စိမ်းသက်တဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ ထိလိုက်ပြီး ရင်လည်းနာ မုန်းလည်းမုန်းစွာဖြင့်
''နင်…နင်….အသည်းနှလုံးမရှိတဲ့…´´
သားရဲ့ မီးခိုးရောင် ပါးသိုင်းမွှေးတွေကို ကြည့်ပြီး ထွက်သွားတဲ့အချိန်တုန်းက တက်ကြွတဲ့ အသက်၂၀ကျော် လူငယ်လေးက ပြန်လာတဲ့ အချိန်မှာ ဂုဏ်သရေရှိပြီး ထူးဆန်းတဲ့ လူလတ်ပိုင်း စစ်သူကြီးဖြစ်နေပြီ။
ကျေနပ်တဲ့ လေသံကိုပြောင်းပြီး ဒီရက်တွေမှာ အဆင်ပြေလား။ ဘယ်နား ဒဏ်ရာရသွားသေးလဲ မေးလိုက်တယ်။ သားအမိ နှစ်ယောက်ဟာ ကိုယ်ရေးကိုယ်တာ စကားတွေ အများကြီးပြောကြတယ်။ ဒါပေမဲ့ နှစ်သိမ့်စကား အချို့တောင် မပါဘူး။ အမေချန်က သည်းမခံနိုင်တော့ပဲ ထပ်ပြီး အထွန့်တက်လိုက်တယ်။
''မင်းက အမေ့ရဲ့ ပထမဆုံးသား အမေ့ခန္တာကိုယ်က ဆင်းသက်လာတဲ့ အသွေးအသားပဲ´´
''အမေက ဘယ်လိုလုပ်ပြီး မင်းကို သတိမရပဲ နေမှာလဲ´´
''ဒါပေမဲ့ မင်းကမင်းရဲ့ အသည်းနှလုံးတွေ အကုန်လုံးကို မင်းရဲ့မိန်းမကြီးကို ပေးလိုက်တယ်။´´
YOU ARE READING
love like the galaxy { myanmar translation } (Unicode & Zawgyi
Romancecredit to original owner Guan Xin Ze Luan