အခန်း 30 - 3

207 27 1
                                    

အခန်း ( ၃၀ ) အပိုင်း ၃

လူနှစ်ယောက် ထွက်သွားတော့မှ ယွမ်ရှန်ဟာ ကျောက်ဆောင်နောက်ကနေ စိမ်ပြေနပြေ ထွက်လာသည်။ ရှောက်ရှန်းရဲ့ မျက်လုံးတွေဟာ ဒေါသနဲ့ နီရဲနေသည်။ စည်းမျဥ်းယဥ်ကျေးမှု အစုတ်ပလုတ်တွေကို မထိန်းသိမ်းနိုင်တော့ပဲ ကျိန်ဆဲလိုက်သည်။

''ရှင် လူယုတ်မာ!´´

ယွမ်ရှန်က စိတ်မဆိုးပဲ ဖြေးဖြေးလေး ပြောလိုက်သည်။

''မင်းခုနက '' ကိစ္စက ပြီးသွားပြီ ´´လို့ ပြောတယ်မလား။ ငါဒီနေ့ မင်းကို သင်ပေးမယ်။ ဒီကိစ္စက မပြီးဆုံးနိုင်ဘူး!´´

ပြောရင်းနဲ့ သူဟာ ရှေ့ကိုတစ်လှမ်းတိုးလိုက်သည်။ မြင့်မားတဲ့ ခန္တာကိုယ်ဟာ ခေါင်းပေါ်ကနေ အုပ်မိုးကျလာသည်။ ညီလာခံမှာ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့  အရွယ်ရောက်ယောကျာ်းတစ်ဦး။ သူ့ရဲ့ အရှိန်အဝါဟာ ရှောက်ရှန်းရဲ့ အကိုတွေ ယှဥ်ပြိုင်နိုင်တာ မဟုတ်ဘူး။ ရှောက်ရှန်းဟာ ရုတ်တရက် ဖိအားကို ခံစားလိုက်ရပြီး စိတ်ထဲမှာ တိတ်တိတ်လေး နောင်တရသွားသည်။ ဒီလူက သိမ်မွေ့ပြီး လိုက်လျောညီထွေ ရှိသလို ဟန်ဆောင်နေမှန်း သူမသိသားပဲ။

တစ်ဖက်ကို အနိုင်မယူနိုင်မှတော့ စောစောထွက်သွားတာ ကောင်းလိမ့်မယ်။ ရှောက်ရှန်းက အလွန်လျှင်မြန်စွာပဲ တွေးကာ ချက်ချင်းပဲ ခန္တာကိုယ်ကို ဦးညွတ်ပြီး '' နှုတ်ဆက်ပါတယ် ´´ လို့ပြောလိုက်သည်။ ယွမ်ရှန်က ဒါပေမဲ့ သူမကိုလွှတ်မပေးပဲ ရှည်လျားတဲ့ ခြေထောက်ကို လှမ်းလိုက်ကာ ဆက်လိုက်လာပြီး အဓိပ္ပာယ် ရေရေရာရာ မရှိတာကို ပြောနေသည်။

''သူတို့နှစ်ယောက်က ဘယ်သူတွေလဲ မင်းသိလား?´´

''မသိချင်ဘူး´´

ရှောက်ရှန်းက အမြန်လှမ်းလိုက်သည်။

''သူတို့ထဲက တစ်ယောက်က လုံယောင်လို့ခေါ်တယ်။ ဟယ်တုန်းလုံမျိုးနွယ် သခင်ကြီးရဲ့ အငယ်ဆုံးသား။ နောက်တစ်ယောက်က ဟယ်ကျောင်းကျွင်း လို့ခေါ်တယ်။ လက်ရှိမင်းဆက် မြင်းတပ်စစ်သူကြီး ဟယ်ရုံရဲ့ တစ်ဦးတည်းသော သမီး! ´´

''သူတို့နှစ်ယောက်က ငယ်ငယ်လေးထဲက စေ့စပ်ထားပြီး ငယ်ငယ်လေးထဲက တကျက်ကျက် ဖြစ်ကြတယ်"

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now