အခန်း 38-1

127 20 1
                                    

အခန်း ( ၃၈ ) အပိုင်း ၁

ကြီးမားတဲ့ ရထားကြီးပေါ်သို့  သယ်ပို့ခံရတဲ့အထိ ရှောက်ရှန်းဟာ ဒီနှစ်ရက်မှာ ဘာတွေဖြစ်ပျက်ခဲ့တယ် ဆိုတာကို နားမလည်နိုင် ဖြစ်နေသေးသည်။ အဲ့နေ့က သူမ ယင်အိမ်တော်မှ ပြန်ရောက်လာတဲ့ အခါမှာ ညနေစောင်းနေပြီ ဖြစ်သည်။ တည်တံ့တဲ့ အစေခံနှစ်ယောက်က သူမကို ကျိုကျွေးခန်းမကို လာခဲ့ဖို့ ခေါ်သည်။ ခန်းမထဲမှာ ကြီးမားတဲ့ မီးတိုင်ကြီးတွေ ထွန်းထားပြီး သခင်မရှောင်းက သုန်မှုန်နေတဲ့ မျက်နှာနဲ့ တစ်ကိုယ်တည်း ရှိနေတာကို တွေ့လိုက်ရသည်။

ရှောက်ရှန်းက တစ်ခုခု ဖြစ်နေပြီးဖြစ်မှန်း ချက်ချင်းသိလိုက်သည်။ သူမထောင်ချောက်ဆင်တဲ့ အချိန်တုန်းက တစ်ယောက်ဟာ သူမရဲ့ ခြေစလက်စတွေကို တွေ့နိုင်မှန်း တွေးခဲ့သည်။ ဒါပေမဲ့ ဒီလောက်မြန်လိမ့်မယ်ဟု ထင်မထားခဲ့ဘူး။ ဒါ့ကြောင့် သခင်မရှောင်း မေးခွန်းထုတ်တဲ့အခါမှာ သူမက ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။

''အကြောင်းပြချက် မရှိဘူး။ သမီးက ဒေါသကို ဖြေဖျောက်ချင်ရုံပဲ´´

ရှောက်ရှန်းက ဂရုမစိုက်သည့် အမူအရာနှင့်  အမှားကို သိခြင်းမရှိဘူး။ သခင်မရှောင်းက ပြင်းပြင်းထန်ထန် ကြိမ်းမောင်းသည်။ ဟိုဆရာ ဒီဆရာ၏ အခွန်းတိုင်းဟာ ရှေးခေတ်စကားလုံးများနှင့် ရှောက်ရှန်းလည်း မခွဲခြားနိုင်တော့ဘူး။ စကားလုံးများနှင့် ဆူပူကြိမ်းမောင်း ပြီးတဲ့အခါမှာတော့ ဒဏ္ဍာရီလာ '' မိသားစုစည်းကမ်း´´ ဆိုတာကြီး အလှည့်ရောက်လာသည်။ သခင်မရှောင်းက သိသိသာသာပဲ ပြင်ဆင်ထားတာ ဖြစ်သည်။ စစ်ကူတွေက အိမ်တော်မှာ ရှိပုံမရဘူး။

ရှောက်ရှန်းက စိတ်ထဲမှာတော့ မကောင်းတော့ဘူးဆိုတာကို သိသော်လည်း သူမက ငယ်စဥ်ကတည်းက ခေါင်းမာပြီး တစ်ခွန်းမှ မပြောပဲ တည်ငြိမ်စွာနဲ့ အပြစ်ဒဏ်ကို လက်ခံခဲ့သည်။ စစ်တပ်အစေခံ လေးယောက်က သူမကို လေးထောင့်စားပွဲပေါ်မှာ ဖိချုပ်ထားတဲ့ အခါမှာ သူမက အနည်းငယ် ကြောက်လန့်သွားသည်။ ပြီးတဲ့နောက်မှာ ကြောက်စရာကောင်းတဲ့ အဖိုးအိုပြီး တစ်ယောက်က တုတ်တံနဲ့ လာတာကို တွေ့လိုက်ရပြီး သူမရဲ့ နဖူးမှာ ချွေးအနည်းငယ် ထွက်လာသည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now