အခန်း 13-2

186 23 1
                                    

အခန်း ( ၁၃ ) အပိုင်း ၂

ဒီလှုပ်ရှားမှုလေးကို ဘယ်သူမှ မမြင်လိုက်ဘူး။ သို့သော်လည်း မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ချန်ယန်းကတော့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူမက မတတ်နိုင်ပေမဲ့ နည်းနည်း မနာလိုဖြစ်မိသည်။ သူမဟာ ကယ်အိမ်တော်မှ ဝမ်းကွဲများကို စဥ်းစားမိသွားသည်။ သူမငယ်စဥ်တုန်းကလည်း ဒီလိုချစ်ခင်ကြင်နာပေးမှုကို ခံစားခဲ့ရသည်။ ဒါပေမဲ့ ရှောက်ရှန်းကတော့ ဒီနေ့မှ ဒီလိုခံစားမှုရခဲ့သည်။ ထပ်ပြီး သူမအပေါ် သနားစိတ်ပေါ်လာသည်။

ချန်ရုံးက ဂရုစိုက်တတ်ပြီး ချန်ယန်းရဲ့ ငေးမောနေတဲ့ပုံစံကို ဖမ်းမိသွားပြီး အမြန်ပြုံးကာ ပြောလိုက်သည်။

''မော့တော့မလို့ ....ယန်းယန်း''

''မင်းပြန်ရောက်နေတာကို ငါတို့မသိလိုက်ဘူး။ ဒါ့ကြောင့်ဘာမှ ပြင်ဆင်မထားမိဘူး''

''မင်းကိုယ်တိုင်ချုပ်ပေးလိုက်တဲ့ ဖိနပ်၊ခြေအိတ်တွေနဲ့ ဂုဏ်ပြုစာလိပ်ကို ရပါတယ်''

''ငါတို့ ညီအကိုတွေလည်း ရှက်မိပါတယ်။ နောက်ကျရင် ပစ္စည်းကောင်းတွေ ပြင်ဆင်ပြီး မင်းဆီကိုပို့လိုက်မယ်''

ချန်ယန်းက အမြန်အသိစိတ် ပြန်ဝင်လာပြီး လက်ယမ်းကာ အနေရခက်စွာ ပြောလိုက်သည်။

''ရပါတယ်၊ ကိစ္စမရှိပါဘူး။ စေတနာ နည်းနည်းလေးပါ။ အကိုတို့ မှတ်ထားစရာ မလိုပါဘူး''

သခင်မရှောင်းက ဒီအခြေအနေကို မြင်တော့ စိတ်ထဲမှာ ကျေနပ်သွားသည်။ သေရည်အချို့ ထပ်သောက်ပြီးတဲ့အခါမှာ သေရည်မသောက်နိုင်တဲ့ ချန်ဦးလေး၂က ပထမဆုံး စားပွဲပေါ် မှောက်သွားသည်။ သခင်မရှောင်းက အကုန်လုံးကို ပြန်ဖို့ အကြံပေးလိုက်သည်။

''ဒီနေ့ အများကြီးသောက်လို့ မကောင်းဘူး။ နောက်ရက် အနည်းငယ် ညီ၃ ပြန်လာတဲ့အခါကျရင် မိသားစုပွဲတော်ကြီး လုပ်ရဦးမယ်လေ''

ချစ်ရတဲ့ သားလေးပြန်လာတော့မယ် ဆိုတော့မှ ကြားတော့မှ အမေချန်က သေရည်ခွက်ကို ချပြီး အဖွားဟူကို တွဲခိုင်းကာ အခန်းပြန် အနားယူသွားသည်။ ချန်ယန်းကအမြန် အစေခံတွေကို အဖေ့ကို တွဲခေါ်သွားဖို့ ညွှန်ကြားလိုက်သည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now