အခန်း ( ၁၅ ) အခန်း ၂
ဘေးဘက်မှာ ဒူးထောက်ထိုင်နေသည့် ကယ်မျိုးရိုးက ထအော်လိုက်သည်။
''အဖေ ဘာတွေပြောနေတာလဲ။ ချန်မိသားစုက ကျွန်မကို အများကြီး နစ်နာစေတာပါ´´
သူပြောလို့ မပြီးသေးခင်မှာပဲ ဦးလေးကယ်က သည်းမခံနိုင်တော့ပဲ ထရပ်လိုက်သည်။ ခြေလှမ်းကျယ်ကြီးအချို့ လှမ်းသွားလိုက်ပြီး ကယ်မျိုးရိုးရဲ့ မျက်နှာကို အားပြင်းပြင်းနဲ့ ရိုက်ချလိုက်သည်။ ရိုက်လိုက်တာ မျက်နှာတစ်ဝက်က ခရမ်းရောင်ဖြစ်သွားပြီး ခန္တာကိုယ်တစ်ပိုင်းက ကြမ်းပြင်ပေါ် ပုံကျသွားသည်။
''နင်မွေးတဲ့ အချိန်တည်းက အဖေက နင့်ကို အမြဲတမ်း အလိုလိုက်ခဲ့တယ်။ ဘယ်လို ချစ်ခင်ကြင်နာမှုမျိုးလဲ။ နင်က တစ်ရက်တောင် သိတတ်ခဲ့ဖူးလား? ´´
''နေ့တိုင်း နေ့တိုင်း ပြဿနာရှာတယ်။ အဖေက ဒီနှစ်ဆို အသက် ၇၀ ရှိနေပြီ´´
''နင့်အတွက်နဲ့ လေနဲ့နှင်းတွေကြားမှာ နေ့ရောညပါ သတ္တိရှိရှိနဲ့ လာခဲ့တယ်။ နင်ကတော့ အခုချိန်အထိ အပြစ်ရှိစိတ် နည်းနည်းလေးတောင် မရှိဘူး´´
''နင်…နင်က ခွေးတွေ ဝက်တွေနဲ့ ဘာမှမခြားဘူး။ နင်လည်း တိရစ္ဆာန်ပဲ´´
ဦးလေးကယ် ကိုယ်တိုင်လည်း အဖိုးတစ်ယောက် ဖြစ်ပြီး တောရွာမှာ ဂုဏ်သတင်းကြီးသူ တစ်ယောက်ဖြစ်သည်။ မသိနားမလည်တဲ့ ညီမအတွက်နဲ့ နှင်းတွေကြားမှာ ချန်အိမ်ကို အလျင်လာပြီး တောင်းပန်ရသေးသည်။ သူကိုယ်တိုင်ထက် အဖေဖြစ်သူ ဒုက္ခခံရတာကို စဥ်းစားလိုက်တော့ ဒေါသက နှစ်ဆထွက်သွားသည်။
သခင်မကယ်က ကြောင်အပြီးရင်း ကြောင်အနေသည်။ သူမမော့ကြည့်လိုက်တော့ ဦးလေးကယ်က မုန်းတီးစွာ အံ့ကြိတ်ထားပြီး မျက်လုံးက သွေးရောင်ရဲနေတာကို တွေ့သောအခါ သူမက ကြောက်ပြီး ယုံကြည်ချက် မဲ့သွားသည်။ ခေါင်းကိုပဲ ငုံထားပြီး ပါးစပ်မဟရဲတော့ဘူး။
ကယ်ထိုက်ကုန်းက သူ့သမီးကို ကြည့်ပင်မကြည့်ပေ။ သူထ၍ ချန်ရှီ၏ လက်မောင်းကိုကိုင်ကာ ထိုင်လိုက်ပြီး သခင်မကယ်၏ မကောင်းသည့် လုပ်ရပ်များကို ဆက်ပြောနေသည်။ ပြောနေရင်းနဲ့ တောင်းပန်နေပြီး သူ၏ တောင်းပန်မှုက စိတ်ရင်းအမှန် ဖြစ်သည်။ တိုက်ရိုက်ပြောရသည့် ချန်ရှီတောင် အားနာလာပြီး ပြောလိုက်သည်။
YOU ARE READING
love like the galaxy { myanmar translation } (Unicode & Zawgyi
Romancecredit to original owner Guan Xin Ze Luan