အခန်း 22-2

165 25 0
                                    

အခန်း ( ၂၂ ) အပိုင်း ၂

ချန်ရှီက ဒီနေ့မီးပုံးပွဲတော်နေ့မှာ လူအများကြီးရှိမှာ စိုးရိမ်ကာ အရင်ဆုံး အမျိုးသမီး မိသားစုဝင်တွေကို ကြီးမားသည့် လုံခြုံသော လှည်းကြီးဖြင့် လိုက်ပို့သည်။ မိသားစု အစောင့်တွေကို ထပ်ပြီးဘေးမှ ဝန်းရံထားသည်။ ထိုမှသာလျှင် ထွက်ခွာသည်။ ရှောက်ရှန်းက အလွန် စိတ်လှုပ်ရှားနေသည်။

လှည်းပေါ်က ဆင်းဆင်းချင်း သက်ပြင်းချကြီး
ချလိုက်ပြီး အဖြူရောင် အာငွေ့လေးတွေက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမအေးလာတာနဲ့အမျှ နှာခမ်းလေး ရဲကာ သွားလေးဖြူပြီး မျက်နှာက တောက်ပနေသည်။ သခင်မဆန်းက သူမဘေး၌ရပ်ကာ တွန့်နေသော အဝတ်အစားများကို ဆန့်ပေးနေသည်။

သခင်မရှောင်းက အလိုမကျစွာ တစ်ချက်ကြည့်လိုက်ပြီး ထပ်ကာ ချန်ယန်းကို ကြည့်လိုက်သည်။ သူမက ကြက်သွေးနီရောင် သုံးလွှာဘရိုကိတ် ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်သုံးချောင်းစာ ရွှေချည်ထိုး ဖဲပြားနှင့် အနားကွပ်ထားသည်။ ဘယ်လောက်တောက်ပပြီး လှပလိုက်သလဲ။ သူမတို့ ညီအမနှစ်ယောက် ဒီနေ့ဝတ်လို့ရအောင်အတွက် သူမက သေချာပေါက် တူညီတဲ့ ဝတ်စုံနှစ်စုံ ပြင်ပေးခဲ့တာကို အဲ့ဒီ မစိုးရိမ်တတ်တဲ့ သမီးက တုံးချင်ယောင်ဆောင်ပြီး အဲ့ဒီအစား သခင်မဆန်း ပေးသည့် စိမ်းပြာရောင် နှစ်လွှာဝတ်စုံကို အဖြူရောင် အထပ်အတွင်းသား စကတ်နှင့် တွဲပြီး ဝတ်ဆင်လာသည်။

ကြည့်မကောင်းတာတော့ မဟုတ်ပါဘူး။ အဲ့ဒီ့ မကောင်းတဲ့ဟာလေးရဲ့ ရုပ်ရည်သွင်ပြင်က တကယ့်ကို ပြောစရာ မရှိဘူး။ ဒီရက်ပိုင်းမှာ မနည်းအရပ်ရှည်လာသည်။ ဖြူဖွေးတဲ့ အသားအရည် စိမ်းပြာရောင် ဝတ်စုံနဲ့ ကလေးမ သေးသေးလေး တင့်တင့်တယ်တယ်နဲ့ မတ်မတ်ရပ်နေတာ တကယ့်ကို သေးငယ်ပြီး နုနယ်သည်။ မြင်ပြီး ဂရုဏာ သက်စေသည်။  

လှည်းပေါ်က ဆင်းတာ အသက်၁၀ရှိုက်စာ မပြည့်သေးခင်မှာပဲ ရိုးရာဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်အချို့က ဖြတ်သွားရင်း ခိုးကြည့်နေကြပြီဖြစ်သည်။ ချန်ရှီက အရှေ့ကနေ ခေါင်းမော့ကာ လျှောက်ရင်း ထိုဟာကို တမင်တကာ မမြင်သလို ဟန်ဆောင်နေသည်။ စိတ်ထဲတွင် အပြောရခက်စွာ ကျေနပ်နေသည်။ လင်မယားတွေ နှစ်ပေါင်းများစွာ ဖြစ်လာတာ သခင်မရှောင်းက သူမရဲ့ခင်ပွန်း ဖြစ်သူဘာတွေ တွေးနေလဲဆိုတာ ဘယ်လိုလုပ်ပြီး မသိပဲနေမှာလဲ။ သူမက စိတ်ထဲမှာပဲ ခေါင်းယမ်းလိုက်သည်။ ဟုတ်တာပဲ။ သမီးက ချောမောလှပတော့ မိဘလုပ်တဲ့သူက မျက်နှာရှိသည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now