အခန်း 36 - 2

125 26 1
                                    

အခန်း ( ၃၆ ) အပိုင်း ၂

နှုတ်ဆက်စကားပြောပြီးတဲ့ အခါမှာ သခင်မယင်၊ သခင်မရှောင်းနှင့် သခင်မဆန်းတို့ သုံးဦးဟာ အတွင်းဆောင်သို့ ဝင်သွားကြပြီး လူကြီးပိုင်း အကြောင်းအရာတွေကို ပြောကြသည်။ အဲ့အပြင် ချန်ယန်းကလည်း ဒီရက်ပိုင်း ယာခင်းမှာ နွေဦးရာသီတွင် သုံးမည့် ဆန်များကို စစ်ဆေးနေသည်။ ရှောက်ရှန်းနှင့် ယင်ရွှီးအာပဲ မျက်နှာချင်းဆိုင်ထိုင်ကာ တိတ်ဆိတ်နေကြသည်။

''…. ထင်မထားမိဘူး။ နင့်ရဲ့ ဒဏ်ရာက မကောင်းသေးဘူးပဲ´´

နောက်ဆုံးမှာတော့ မနေနိုင်တော့ပဲ ယင်ရွှီးအာက အရင်စကားစလိုက်သည်။ ရှောက်ရှန်းက သူမရဲ့ မျက်နှာကို ထိလိုက်ပြီး ခါးသက်စွာ ပြုံးလိုက်သည်။

''ကျွန်မလည်း ထင်မထားဘူး´´

ဒီအသားအရေ ကောင်းသော်လည်း အရေအသွေးတော့ ညံ့သည်။ ဒီလောက် ဒဏ်ရာသေးသေးလေးကို ပျောက်ကင်းတာက ခရုသွားနေသလိုပဲ ဖြစ်သည်။

''အမရဲ့ ဒဏ်ရာကရော? အဲ့နေ့က ကျွန်မလုပ်တာလည်း မသက်သာဘူး´´

ယင်ရွှီးအာက ရှက်ရွှံ့စွာ ပြုံးလိုက်သည်။

''သုံးလေးငါးရက်တော့ နာတယ်။ အခုတော့ အကုန်လုံး ကောင်းသွားပြီ´´

ရှောက်ရှန်းက သူ့ဟာသူ စိတ်ထဲမှာ သူမရဲ့ဒဏ်ရာသာ ပြန်ကောင်းတာ အဲ့လောက်နှေးမှန်းသိရင် အဲ့တုန်းက သူ့ကို နှစ်ချက်လောက် ပိုထိုးလိုက်ရမှာလို့ တွေးလိုက်သည်။

''…. အကုန်လုံးက ငါ့ရဲ့အပြစ်ပါ´´

ယင်ရွှီးအာက စိတ်ရင်းအမှန်နဲ့ ဖြစ်သည်။

''လောကမှာ ဒုက္ခတွေ အများကြီးရှိတာ ဘဝမှာ စိုးရိမ်စရာ မရှိတဲ့သူလို့ မရှိဘူး။ ဒီရက်ပိုင်းမှာ ငါက အဖိုးမိသားစုရဲ့ ကိစ္စတွေကို သိပြီးသွားပြီ´´

သူမက ရုတ်တရက် ငိုရှိုက်လာသည်။

''တကယ့်ကို သွေးမျက်ရည်တွေ အပြည့်နဲ့ပဲ။ အမေအဲ့တုန်းက တကယ်ပဲ ဘယ်လိုများ ဖြတ်သန်းလာခဲ့လည်း မသိဘူး။ တကယ်လို့ အရင်နှစ်က အမေ့ကို တစ်ယောက်ယောက်ကငါ့လို မိမရှိဖမရှိလို့ လှောင်ပြောင်ခဲ့ရင် ငါက  အဲ့လူရဲ့ အရေခွံကို ခွာပစ်မှာ!´´

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now