အခန်း 5-1

423 38 2
                                    

လူသားတွေရဲ့ ကြောက်ရွံမှုက မသိနားမလည်မှုကို အခြေခံတယ်။ အတိတ်တုန်းက ယွီချိုင်လင်ရဲ့ စိတ်ဓာတ်ကျမှု တစ်ဝက်လောက်က မသေချာတဲ့ အနာဂတ်ကြောင့် ဖြစ်တယ်။ ဒါပေမဲ့ ဒီရက်အနည်းငယ်အတွင်း သူမခိုးနားထောင်ပြီးတဲ့အခါမှာ သူမက စိတ်ဆုံးဖြတ်လ်ိုက်တယ်။

သူမမိဘတွေက ထက်မြက်ပြီး စွမ်းဆောင်နိုင်တယ်။ သူမရဲ့မိသားစုက ချမ်းသာတယ်။ ပြီးတော့ သူမမှာ သူမရဲ့ အမွှာအကို အပါအဝင် အကိုတွေ အများကြီးရှိတယ်။ ဒီကတ်တွေ လက်ထဲမှာ ရှိသရွေ့ သူမက မတရားခံရမှာ မဟုတ်ဘူး။

စိတ်နှလုံးက အေးချမ်းသွားတဲ့အခါ အိပ်စက်ရတာ ပိုပြီး ချိုမြန်သွားသည်။ ကြည့်ရတာ အလကားရလိုက်တဲ့ မိဘတွေ ယူလာတဲ့ စွတ်ပြုပ်ရည်က အားပြည့်ပုံရတယ်။ သူမက မိုးသောက်ချိန်အထိ အိပ်လိုက်တယ်။ သူမ မျက်လုံးဖွင့်တဲ့အခါ နှလုံးနဲ့ အဆုတ်က ကြည်လင်နေပြီး ခြေတွေလက်တွေ အားမရှိတာက နည်းပါးသွားတယ်။

သူမပျော်ရွှင်စွာ ခေါင်းကို လှည့်လိုက်တဲ့အခါ အားကျုက ခုံပေါ်မှာထိုင်ပြီး ပန်းကန်တွေ ခွက်တွေ စီစဥ်နေတာ တွေ့ရတယ်။ ယွီချိုင်လင်က ပျော်ရွှင်သွားပြီး အခြေအနေကို မေးလိုက်တယ်။ အဲ့ဒီအချိန်ကျမှ အားကျုက သခင်မရှောင်းရဲ့ အမိန့်နဲ့  သူမရဲ့ အထိန်းတော် ဖြစ်လာကြောင်း သိရတယ်။ အားကျုရဲ့ နောက်မှာ ဒူးထောက်ထိုင်နေတဲ့ အစေခံ ကောင်မလေး နှစ်ယောက်ကလည်း သခင်မရှောင်းရဲ့ အမိန့်နဲ့ သူမကို လာခစားတာထင်တယ်။

ယွီချိုင်လင်က အရင်ဆုံး ကောင်းလိုက်တာလို့ ပြောပြီး အားမိန်နဲ့ အားလျန်ကို မေးလိုက်တယ်။ ရုတ်တရက် တစ်ခုခုမမှန်သလို ခံစားရပြီး အမြန်မေးလိုက်တယ်။

''ငါ့အဖေနဲ့ အမေပြန်လာပြီလား။ ´´

''ဒီတစ်ခေါက် ပြန်မသွားတော့ဘူး မလား။ ´´

''ငါ့ရဲ့အရင် အထိန်းတော်နဲ့ အစေခံတွေရော´´

ခေါင်းဆောင်ရှန်းယွီ သူမကိုပေးတဲ့ ရှရှားပြဇာတ်စာအုပ် ကျေးဇူးနဲ့ သူက နောက်ဆုံးတော့ သရုပ်ဆောင်တစ်ယောက်ရဲ့ ပုံစံကို သတိရလိုက်တယ်။ ကလေးကောင်း တစ်ယောက်က ဘယ်လိုလုပ်ပြီး အဖေနဲ့အမေကို အရင်မမေးပဲ ကစားဖော်ကို မေးမှာလဲ။အားကျုရဲ့ မျက်နှာက တည်ကြည်သွားတယ်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now