အခန်း 35 - 2

127 20 1
                                    

အခန်း ( ၃၅ ) အပိုင်း ၂

ရှောက်ရှန်းက ဟန်ဆောင်ရယ်ရင်း ပြောသည်။

''ဒေါ်လေး ၃ ကပေးတာ။ ပိုင်လုတောင်ရဲ့ တပည့်တစ်ယောက်က ဆန်းထိုက်ကုန်းကိုပေးတာ ထင်တယ်´´

ဝမ့်ချီးချီးက ပြောသည်။

''လက်စသတ်တော့ ဒီလိုကိုး! ….အဲ ဒါနဲ့ နင့်ရဲ့ ဒဏ်ရာကို အကျိုးမရှိသလိုပဲနော်´´

သူမရဲ့ချစ်ရတဲ့ သွေးသောက်ညီမဟာ တစ်ညလုံး စိမ်ထားတဲ့ ရတနာရှစ်ပါး ထမင်းလို နီရဲယောင်ကိုင်း နေသေးသည်။

'' ………´´

ဘာဖြစ်လို့လဲဆိုတော့ တစ်စုံတစ်ယောက်က အပြငိဒဏ်ရာနဲ့ အတွင်းကြေကို မခွဲတတ်လို့လေ။ ဒါကို ကြည့်ရတာ ယွမ်ရှန် ငယ်ငယ်တုန်းက သေချာပေါက် တစ်ခါမှ ရန်မဖြစ်ဖူးလောက်ဘူး။ မနက်စာ စားပြီးသည့်အချိန်တွင် ရှောက်ရှန်း၏ အကိုသုံးယောက်က အတူတူ လာကြသည်။ ချန်ရုံးက စိတ်ရင်းအပြည့်နဲ့ သခင်မကြီးဝမ့်ကို တောင်းပန်ပြီး သူတို့ မိသားစုက ဝမ့်မိသားစုကို ဒုက္ခပေးမိကြောင်းပြောသည်။

ချန်စုန့်က ဝမ့်ချီးချီးကို သခင်မကြီးဝမ့်ရှေ့ကို ဆွဲခေါ်ပြီး အပြင်မှာ ကြားခဲ့ရတဲ့ ကောလဟာလတွေကို ပြောပြကာ သူတို့ကို မရပ်မနား ရယ်စေသည်။ ချန်ရှောက်ကုန်းက ရှောက်ရှန်းအတွက် မုန့်အပြည့် တစ်အိတ်နှင့် ညီမလေးအတွက် သူကိုယ်တိုင် ဆွဲပေးထားသည့် အင်းစာရွက်ကို ပေးသည်။ မကြာသေးခင်က ကံဆိုးမှုတွေကို ပြေပျောက်စေရန် ခေါင်းအုံးအောက်တွင် ထားအိပ်ဖို့ပြောသည်။

တစ်ချိန်တည်းမှာပဲ သူတို့က ရှောက်ရှန်းအတွက် အဝတ်အစားနဲ့ အခြားပစ္စည်း သေတ္တာတွေကို ယူလာသည်။ သခင်မရှောင်းက သူမကို ဝမ့်အိမ်တော်မှာ ရက်အချို့နေဖို့ ခွင့်ပြုလိုက်ကြောင်း၊ စာလိပ်တွေကို ခဏထားပြီး ပြန်သွားရင်ဖြည်းဖြည်းချင်း ရေးဖို့လည်း ပြောသေးသည်။ ဒီအခါမှာတော့ ရှောက်ရှန်းက သူမရဲ့နောက်ဆုံး စိုးရိမ်စရာတောင် မရှိတော့ပဲ စိတ်အေးလက်အေး နေတော့သည်။

ဒဏ်ရာ ပြန်ကောင်းသည်မှာ နည်းနည်းနှေးသည်မှလွဲလို့ ဝမ့်အိမ်တော်မှ သူမရဲ့ နေ့ရက်တွေဟာ ပြီးပြည့်စုံနေသည်။ နေ့တိုင်းသူမက ဝမ့်ချီးချီးနှင့် အတူတူစား တစ်အိပ်ရာတည်းအိပ်သည်။ လှပသည့် အဝတ်အထည်၊ အရသာရှိတဲ့ စားသောက်ပွဲ၊ အမျိုးမျိုးသော ဇိမ်ခံမှု။ ခြေထောက်ဆေးလျှင်တောင်မှ အစေခံ ငါးယောက်ခြောက်ယောက်လောက်က သူမ၏ ခြေချောင်းလေးများကို နှိပ်ပေးနေသည်။ ဝမ့်ချီးချီးက သူမကို ကျားကစားတာ၊ အိုးပစ်တာနဲ့ အံ့စာတုံးကစားတာကို သင်ပေးသည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now