အခန်း 40-3

164 23 0
                                    

အခန်း ( ၄၀ ) အပိုင်း ၃

သူမက ချင်စီရင်စုအနောက်ဘက်ကို သစ်ကိုင်းနဲ့ညွှန်ပြပြီး စက်ဝိုင်းဝိုင်းလိုက်သည်။

''ပြဿနာဖြစ်တဲ့ နေရာက ဟွာစီရင်စု မဟုတ်ရင် ဘေးချင်းကပ်စီရင်စု ဖြစ်လိမ့်မယ်လို့ သမီးသံသဃရှိတယ်။ ဒါ့ကြောင့်မို့လို့ တရားသူကြီးမင်း ကုန်းစွန်းက သတင်းကြားတော့ သွားကယ်ဖို့ အမြန်လူတွေကို ဦးဆောင်ခေါ်သွားပြီး မြို့ကို စောင့်ကြပ်ဖို့ လူမရှိဖြစ်စေတယ်´´

''သမီးတို့ ကင်းထောက်ဓားပြတွေနဲ့ ပထမဆုံးကြုံတော့ သူတို့က အရှေ့မြောက်ကနေ အရှေ့တောင်ကို ဦးတည်သွားနေတာ မှတ်မိတယ်။ တကယ်လို့ သမီးတို့နဲ့သာ အရင်ဆုံး မကြုံခဲ့ရင် သူတို့က ချင်စီရင်စုကို တိုက်ခိုက်လောက်တယ်´´

သခင်မဆန်းက အတိုင်းမသိ ပျော်ရွှင်နေပြီး တုန်ယင်နေသည့်အသံနှင့် ပြောသည်။

''မင်းပြောတဲ့ စကားအရ မင်းဦးလေးက အခုဘာမှ မဖြစ်ဘူးပေါ့´´

''သူတို့ကို ချင်စီရင်စုကို သွားပြီးတိုက်ခိုက်ခိုင်းတာမှ ဟုတ်ဦးမယ်! အဲ့ဒီစီရင်စု မြို့နံရံက ဒီလောက်ခိုင်တာကို!´´

ရှောက်ရှန်းက စိတ်ဆိုးစွာနဲ့ ငြီးညွားသည်။

''ဒေါ်လေး သမီးတို့အတွက်ကို အရင်စိုးရိမ်ဦး။ အခုအပြင်ဘက်မှာ အရမ်းကို ပျော်ရွှင်နေတဲ့ ဓားပြအုပ်စုတစ်ခုက တံခါးဖွင့်ပြီး သမီးတို့နဲ့အတူ ပွဲတော်တည်ဖို့ စောင့်နေတယ်နော်!´´

သူမက တိတ်တိတ်လေးဦးလေး ၃ ကို ကျိန်ဆဲလိုက်မိသည်။ ချန်လျို့မှာတုန်းက အမြန်ထွက်လာသည်။ နှစ်ရက်လောက်ထပ်နေပြီး သူမကို ကြင်ဖက်တွေ့ခိုင်းလျှင် သေမှာမို့လို့လား။ ထပ်ပြီး ချင်စီရင်စုမှာလည်း သစ္စာရှိဖြောင့်မတ်ရှိလို့ ဇနီးနဲ့ ကလေးတွေကို ထားခဲ့ပြီး မြို့ထဲကိုအတင်း ဝင်သွားပြန်သည်။ ဦးနှောက်က အလှထားတာ မို့လို့လား? သေချာဆုံးဖြတ်ပြီးမှ လှုပ်ရှားလို့ မရဘူးလား!

မဟုတ်ရင် သူမတို့မြို့ထဲကို လိုက်ဝင်သွားတာက ဒီလိုလူနေမဲ့တဲ့ တောထဲမှာ လိုက်သတ်ခံရတာထက်စာရင် တော်သေးသည်။ ချန်ကျီ အဲ့ဒီဝက်ခေါင်းကြီးကို စိုးရိမ်နေသေးတယ်! ချီးကိုပဲ စိုးရိမ်နေလိုက်! နောင်မှာ သခင်မဆန်းက မုဆိုးမ မဖြစ်ပဲ ချန်ကျီက မုဆိုးဖိုဖြစ်သွားလိမ့်မယ်။ သခင်မဆန်း မရှိရင်တောင် လောကမှာ ပန်းတွေအများကြီး ရှိသေးသည်။ သူအသစ်ရှာမလား မရှာဘူးလားဆိုတာ ကြည့်နေ! ဘေးဘက်က လီထိုက်ကုန်းက သူ့ရဲ့မုတ်ဆိတ်မွှေးကို သပ်ကာရယ်ပြီး ပြောလိုက်သည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now