အခန်း 10-2

253 29 3
                                    

အခန်း ( ၁၀ ) အပိုင်း ၂

''ဒါဆို ဖြေးဖြေးသင်ပေါ့´´

သခင်မရှောင်းက ပြောတယ်။

''မင်းအဖေက ငယ်စဥ်ကတည်းက လယ်ယာအလုပ်တွေနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ နောက်ပိုင်းမှာလည်း ထပ်ပြီး တိုက်ပွဲတွေ မရပ်မနား တိုက်ခဲ့ရတယ်´´

''ကိုယ့်ခြေထောက်ပေါ်  ကိုယ်ရပ်နိုင်တဲ့ အရွယ်ရောက်မှ စပြီးစာပေသင်ယူခဲ့တယ်´´

''အခု သူက ပြည်နယ်ပေါင်းစုံက ညီလာခံကို တင်လာတဲ့ စာလွှာတွေ အကုန်လုံးကို အခက်အခဲမရှိ ဖတ်နိုင်နေပြီ´´

ချန်ရှောက်ရှန်းက စိတ်ထဲမှာ ' ဒုက္ခပဲ ´ လို့ပဲ အော်လို့ရတယ်။ သခင်မရှောင်းက ထပ်ပြီး ပြောလိုက်တယ်။

''ဒီရက်ပိုင်းက မိသားစုကိစ္စတွေ အကုန်လုံးကို မင်းလည်းမြင်ပြီးသွားပြီ´´

''ငါနဲ့ မင်းအဖေက အရမ်းကို ဖိအားပေးရန်လိုတယ်လို့ ခံစားနေရလား´´

''သမီးက ဘယ်လိုလုပ်ပြီး ဒီလိုတွေးမှာလဲ´´

အဖွင့်စကား ပြောပြီးတော့ ရှောက်ရှန်းလည်း ပြန်ဖြေရဲသွားတယ်။

''တုံအိမ်က အဖွားရဲ့ စောင့်ရှောက်မှုကို အားကိုးပြီး အဖေရဲ့ ခန္တာကိုယ်ပေါ်မှာ သွေးစုပ်တဲ့ မျှော့တစ်ကောင်လိုပဲ ကပ်တွယ်နေတယ်´´

''တစ်ခု နှစ်ခု ကူညီရတာက ကိစ္စသေးသေးလေး။ သူတို့က အပြင်မှာ ပြည်သူတွေကို အနိုင်ကျင့်သေးတယ်လို့ သမီး အဖေပြောတာကြားတယ်´´

''နောင်မှာ သူတို့က ပြဿနာ အကြီးကြီးလုပ်ရင် ဘယ်လိုလုပ်မလဲ´´

သူမက ဒီရက်ပိုင်းမှာ ကြားရတဲ့ ရှေးခေတ်လေသံကို ကြိုးစားပြီးသင်ယူထားတယ်။ သူမက အရူးလုပ်နိုင်လိမ့်မယ်လို့ ခံစားရတယ်။

အခြားအိမ်တော်က မိခင်သာဆိုရင် သမီးကို သင်ပေးချင်လျှင်တောင်မှ ဒီလို အကြီးတွေရဲ့ အရုပ်ဆိုးတဲ့ကိစ္စကို ပြောင်ပြောင်တင်းတင်း ပြောမှာမဟုတ်ဘူး။ ဒါပေမဲ့ သခင်မရှောင်းက ငယ်ရွယ်စဥ်မှာ ကြီးမားတဲ့ အခက်အခဲနဲ့ ကြုံတွေ့ခဲ့ပြီး သူမဘဝမှာ အမုန်းဆုံးက ကလေးကို လူ့လောကအခက်အခဲတွေကို မသိစေပဲ ပျိုးထောင်တာဖြစ်တယ်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now