အခန်း ( ၄၁ ) အပိုင်း ၂
လီထိုက်ကုန်းက ခေါင်းကိုထပ်ကာထပ်ကာ ငြိမ့်ပြီးပြောသည်။
''သခင်မလေးရဲ့ ဒီအကြံက အရမ်းကိုကောင်းတယ်။ လူကြီးမင်းလင် ဒါကို……´´
လင်ပုယီ ဘာမှမပြောရသေးခင်မှာပဲ သူ့ဘေးနားမှ မေးရိုးလေးထောင့်နှင့် လူငယ်ကိုယ်ရံတော်တစ်ယောက်က ကြားဖြတ်ပြီး ဝင်ပြောသည်။
''သခင်လေး ဒဏ်ရာကထပ်ပြီး နှောင့်နှေးလို့ မရတော့ပါဘူး။ အခန်းထဲကို သွားပြီးအရင် ကုသရင် ဘယ်လိုလဲ…..´´
သူပြောလို့ မပြီးသေးခင်မှာပဲ အခြားအသက်နည်းနည်းကြီးသည့် ကိုယ်ရံတော်တစ်ယောက်က ပြောသည်။
''သခင်လေး လျန်ချိုးဖေးပြောတာ တစ်ဇွတ်ထိုးနိုင်ပေမဲ့ သူပြောတာ ဟုတ်ပါတယ်။ ဒဏ်ရာကထပ်ပြီး နှောင့်နှေးလို့ မရတော့ပါဘူး´´
အဲ့ဒီအချိန်ကျမှ ရှောက်ရှန်းဟာ အသက်ကြီးတဲ့ ကိုယ်ရံတော်ရဲ့ ဘယ်ဘက်လက်မောင်းမှာ မြှားစိုက်နေတာကို တွေ့လိုက်ရသည်။ မြှားခေါင်းက အရိုးသို့ စိုက်သွားသည်ထင်၏။ ခဏတာ နှုတ်လို့မရဘူး။ ရှောက်ရှန်းက ကမန်းကတမ်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။
''ဒီစစ်သည်ရဲ့ ဒဏ်ရာကလည်း မသေးဘူး။ အမြန်ဝင်ပြီးတော့ ကုသပါ´´
အသက်ကြီးတဲ့ ကိုယ်ရံတော်ရဲ့ မျက်နှာဟာ စိုးရိမ်ပုံ ပေါ်နေသည်။ ဒါကိုကြားတော့ သူက ရှောက်ရှန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ လင်ပုယီက ခဏတာ တုံ့ဆိုင်းနေပြီး နောက်ဆုံးတော့ ခေါင်းငြိမ့်ကာ အဲ့ဒီနောက် အခန်းလွတ်ဆီသို့ လမ်းလျှောက်သွားသည်။
ရှောက်ရှန်းက ကြောင်အသွားသည်။ သူက ဒဏ်ရာရ စစ်သည်တွေကို ချန်မိသားစုရဲ့ ဂရုစိုက်မှုအောက်မှာ ထားခဲ့ရတာ မယုံကြည်လို့များလား? ကိုယ်တိုင်သွားကြည့်ချင်တာလား? သူမက လှည့်လိုက်ပြီးတော့ တောင်းပန်သည့် အပြုံးလေးနှင့် ပြောသည်။
''လူကြီးမင်း စိတ်ချပါ။ ချန်မိသားစုက ဒဏ်ရာရစစ်သည်တွေ အကုန်လုံးကို သေချာပေါက် ကောင်းကောင်းစောင့်ရှောက် ပေးမှာပါ´´
YOU ARE READING
love like the galaxy { myanmar translation } (Unicode & Zawgyi
Romancecredit to original owner Guan Xin Ze Luan