အခန်း 26 - 2

192 26 0
                                    

အခန်း ( ၂၆ ) အပိုင်း ၂

ယွမ်မိသားစုရဲ့ မျိုးနွယ်အဆင့်အတန်းနဲ့ အင်အားက ချန်မိသားစုထက် မြင့်မားပေမဲ့ အလှမ်းမမီလောက်အောင်တော့ မြင့်တာတော့ မဟုတ်ဘူး။ အဲ့အပြင် ဇနီးယူရင် နိမ့်ပါးတာကို ယူရသည်။ အိမ်တော်နှစ်ခုကြားက ကွာဟချက်က သခင်ရှောင်းရဲ့ စိတ်ကူးယဥ်အိမ်မက်ကို ဟန့်တားဖို့အတွက် မလုံလောက်ဘူး။ နောက်နေ့မှာ သခင်မရှောင်းက ချန်ရုံးကို ဖမ်းပြီး ယွမ်ရှန်အကြောင်းကို အသေးစိတ် မေးမြန်းတော့သည်။ ချန်ရုံးလည်းပဲ ဘာမှန်းမသိ ဖြစ်သွားသည်။

{ ရှေးခေတ်မှာ ဆိုရိုးတစ်ခုရှိပါတယ်။ အဲ့ဒါက မိန်းကလေးက အိမ်ထောင်ပြုရင် ကိုယ့်ထက်အဆင့်အတန်း မြင့်တဲ့မိသားစုကလူကိုယူပြီး ယောကျာ်းလေးက အိမ်ထောင်ပြုရင် ကိုယ့်ထက်အဆင့်အတန်း နိမ့်တဲ့မိသားစုက လူကို ယူတာပါ။ ဇနီးက အဆင့်အတန်း အရမ်းမြင့်နေရင် ခင်ပွန်းက မထိန်းချုပ်နိုင်တော့မှာ စိုးလို့ထင်တာပဲ။ }

''ဆရာရှန့်ကွမ်းရဲ့  ဆရာက ယန်ရှန်းရှမ်းရဲ့ ဆရာတူအကို။ အဲ့လူကြီးက သူ့ဘဝမှာ သင်ခန်းစာပို့ချပြီး တပည့်လက်ခံရတာကို သဘောအကျဆုံးပဲ။ သူသင်ကြားပေးတာကို နားထောင်ဖူးတဲ့သူက ရာကျော်ပြီး ထောင်လောက်ရှိမယ်။ အဲ့ဒီ လူကြီးမင်းယွမ်…. သူလည်း နားထောင်ဖူးတာထင်တယ်´´

သခင်မရှောင်းက အမြန်ထပ်ပြီး ယွမ်ရှန်၌ မိသားစုမှ တွဲဖက်ပေးထားတာ ရှိမရှိမေးသည်။  လက်မထပ်ရသေးမှန်း သိသောအခါ ထပ်ပြီးသံသဃဖြစ်စွာ ပြောသည်။

''တစ်ဦးတည်းသောသား ဖြစ်ပြီး အသက်က ၂၁ နှစ်တောင် ဖြစ်နေပြီ။ ဘာဖြစ်လို့ လက်မထပ်ရသေးတာလဲ´´

ချန်ရုံးက ခေါင်းကိုက်ပြီး ခက်ခက်ခဲခဲပြောသည်။

''ဒါက… သားလည်း မသိဘူး။ သခင်မယွမ်က အရေးကိစ္စတွေကို ဂရုမစိုက်ပဲ တာအိုဘာသာကိုပဲ အားထုတ်တယ်လို့ နာမည်ကြီးတယ်လို့ ပြောသံကြားတယ်´´

''သခင်ကြီးယွမ်ကလည်း အပြင်ဘက်မှာ စောင့်ကြပ်နေရတယ်။ မင်္ဂလာပွဲကို ဘယ်သူမှ ဂရုမစိုက်ဘူး ဖြစ်မှာပေါ့။ ဒါပေမဲ့…´´

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now