အခန်း 11

225 25 1
                                    

အိမ်တော်ခြံဝန်းက မကြီးပေ။ ချန်ရှီနဲ့ သူ့ဇနီး ယာယီနေနေသည့် ဧည့်သည်ဆောင်နှင့် ချန်ချန်နှင့်သူ့ဇနီးနေသည့် ပင်မအဆောင်က စင်္ကြံနှစ်ခုနှင့် အချိုးသုံးချိုးပဲ ကွာသည်။ သခင်မရှောင်းက သခင်မချင်စုန်းနဲ့ အစေခံတစ်စုကိုခေါ်ပြီးရောက်သွားသည်။ တကယ့်ကို မျှော်မှန်းထားသည့်အတိုင်း အတွင်းခန်းထဲမှ သခင်မကယ်ရဲ့  ဆူပူငိုယိုသံ ကြားလိုက်ရသည်။

''ရှင်လည်း ယောကျာ်းပဲ။ မိန်းမက ဒီလိုအရှက်ခွဲခံနေရတာကို ကြည့်နေပြီး တစ်ခွန်းမှ ဝင်မပြောဘူး´´

''ဒါမှမဟုတ် ရှင့်ကို စကတ်ဝတ်ရုံရှည် ပေးမယ်။ ရှင် အခြားသူတွေ ကြည့်ရအောင် ဝတ်ပါ့လား´´

''စာလေ့လာတော့လည်း မအောင်မြင်! အရာရှိလည်း မလုပ်နိုင်ဘူး။ ဒုက္ခိတလည်း ဖြစ်သေးတယ်!!´´

''ရှင်ပြော! ရှင် ဘာလုပ်နိုင်သေးလို့လဲ?´´

''ရှင့်လို အသုံးမကျတဲ့ သူနောက်ကို လိုက်ရတာ ကျွန်မဘဝ ကံဆိုးလိုက်တာ..!´´

ဒီနေရာက ချန်ချန်ရဲ့ စာဖတ်ဆောင်ဖြစ်ပြီး တံခါးဝမှာ အစေခံမိန်းမအချို့  စောင့်ကြပ်နေကြသည်။ သခင်မရှောင်း ကိုတွေ့တာနဲ့ တားဆီးရန်ရှေ့ကို တိုးလာကြသည်။ အရှေ့ဆုံးက တစ်ယောက်က ကယ်မျိုးရိုးရဲ့ လူယုံ အထိန်းတော်လီဖြစ်သည်။

သူမက ဒီတစ်ခေါက် သခင်မရှောင်း ခေါ်လာတာက သာမာန်အစေခံတွေ မဟုတ်ပဲ ဓား၊ လေးကိုင်ထားတဲ့ လက်နက်ကိုင် အစေခံတွေ ဖြစ်တာမြင်တော့ အနည်းငယ် ပျာယာခတ်သွားသည်။ သူမက အမြန်ရှေ့တိုးပြီး ဂါဝရပြုလိုက်ကာ တောင်းပန်အပြုံးလေးနှင့် ပြောလိုက်သည်။

''သခင်မ ရှင်..´´

သူမဆက်မပြော ခင်မှာပဲ အခန်းတွင်းက ချန်ချန်၏ အသံက ထွက်ပေါ်လာသည်။

''တော်လောက်ပြီ!! တကယ်လို့ မင်းမတရားလို့  ဒေါသထွက်ရင် ကယ်အိမ်ကို ပြန်သွားလို့ရတယ်´´

''အကိုကြီးကလည်း မင်းကို ရွှေငွေတွေ ပိုပြီးပေးလိမ့်မယ်´´

''စိတ်မကူးနဲ့!´´

''ကျွန်မ လက်ထပ်ဝင်လာတဲ့အချိန်တုန်းက ချန်အိမ်မှာ ပြဿနာတွေ အများကြီးပဲ´´

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now