အခန်း 31-2

231 31 0
                                    

အခန်း ( ၃၁ ) အပိုင်း ၂

ဘေးတစ်ဖက်က ဝမ့်ချီးချီးဟာ စိုးရိမ်သွားသည်။ သခင်မဝမ့်တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် လက်မောင်းကို အတတ်နိုင်ဆုံး ရုန်းထွက်လိုက်ပြီး အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။

''ညီမလေးရှောက်ရှန်းက ကျိုးကြောင်းအသင့်လျော်ဆုံးပဲ။ ဘယ်သူ့ကိုမှ ဒီအတိုင်း ရိုက်မှာမဟုတ်ဘူး။ အကြောင်းပြချက် ရှိရမယ်´´

''ရှောက်ရှန်း နင်ပြော! နင်ပြောလေ!! ´´

ရှောက်ရှန်း စောင့်နေတာက ဒီစကားပဲ ဖြစ်သည်။ စိတ်ထဲမှာ '' ညီအမရေ တကယ့်ကို သူငယ်ချင်းကောင်းပဲ ´´ လို့ကြုံးဝါးလိုက်သည်။ အဲ့ဒီနောက် ခေါင်းမာတဲ့ မျက်နှာထားမျိုးလုပ်ကာ ပြောလိုက်သည်။

''သူက ကျွန်မကို မိမရှိဖမရှိ၊ သင်ကြားမှုမရှိ၊ စကားလုံး အချို့ကိုတောင် မသိတဲ့ အရိုင်းအစိုင်း နိမ့်ကျတဲ့သူလို့ ပြောတယ်´´

သခင်မငယ်ယင်က ဘေးဘက်ကနေ သခင်မရှောင်း မျက်နှာပျက်သွားတာကို တွေ့လိုက်ရပြီး ခေါင်းကိုက်သွားသည်။ ဧည့်သည်ကို ရိုက်တာနဲ့ မကောင်းပြောတာ ဘယ်တစ်ခုက ညီမလေးရဲ့  ဂုဏ်သတင်းကို ထိခိုက်စေတာ လျော့နည်းစေမလဲ မသိဘူး။ သူမက ထပ်ပြီး သူမရဲ့ တရားဝင်မိခင်ကို ကြည့်လိုက်သည်။  ဒါပေမဲ့ သခင်မယင်ဟာ အဲ့နေရာမှာ ကြောင်အနေပြီး မျက်လုံးထဲမှာ မျက်ရည်တွေကို တွေ့လိုက်ရသည်။

ဒီအချိန်မှာတော့ ယင်ရွှီးအာဟာ စောဒက မတက်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမက ဒီစကားတွေကို ပြောခဲ့တဲ့ အတွက်ပဲဖြစ်သည်။ ဒါပေမဲ့ သူမက အရမ်းကိုပဲ ပြောချင်နေသည်။ ဒါဟာ အမှန်တရားပဲ မဟုတ်ဘူးလား! အမှန်အတိုင်းပြောတာ မှားလို့လား! ဒါပေမဲ့ အထက်က အကြီးတွေရဲ့ ကြည့်ရဆိုးနေတဲ့ မျက်နှာကို ကြည့်ပြီး ဒီစကားကိုပြောရင် ပိုပြီး ဆိုးလိမ့်မယ်ဆိုတာ သိနေသည်။ သခင်မငယ်ယင်က ထွက်လာပြီး အပြုံးလေးနဲ့ ကိစ္စကို ဖြန်ဖြေသည်။ 

"ကျွန်မတို့ ညီမလေးက စကားကို မပြောတတ်တာ။ လူဘယ်နှစ်ယောက်လောက်ကိုတောင် ပစ်မှားခဲ့ပြီးပြီလဲ မသိဘူး။ ဒီတစ်ခေါက်က သူစကားပြော မှားသွားတယ်ဆိုရင်တောင်….´´

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now