အခန်း 4-2

477 44 2
                                    

ချန်ရှီက သူ့အမေဟာ တော်တော့်ကို အကျိုးအကြောင်း မသင့်ဘူးလို့ခံစားရတယ်။ ပြီးတော့ စိတ်ဆိုးစွာပြောလိုက်တယ်။

''စာပေလေ့လာပြီး ဇနီးမယားယူတာက လုပ်ရမယ့်ကိစ္စ၊ ဒါပေမယ့် အငယ်အနှောင်းယူတာက….´´

သခင်မရှောင်းက ရုတ်တရက်လှည့်လိုက်ပြီး သူမယောကျာ်းကို ညင်စွာသာ ဝင်ပြောလိုက်တယ်။

''သခင်ကြီး မပြောပါနဲ့တော့။ ´´

''ကျွင်းကူးပြောသလိုပဲ လုပ်လိုက်ပါ။ ´´

သူမက အမေချန်၊ သခင်မကယ်နဲ့ အစေခံတွေ အကုန်လုံးကို ကျောပေးထားပြီး သူမယောကျာ်းကို မျက်လုံးမှိတ်ပြလိုက်တယ်။ အချက်ပြလိုက်ပုံ ရတယ်။ ဒါပေမဲ့ အမေချန်နဲ့ အခြားသူတွေက သူမရဲ့နောက်မှာမို့ သူမရဲ့မျက်နှာက အမူအရာကို မမြင်ဘူး။ ယွီချိုင်လင်ကတော့ သေချာမြင်လိုက်ရတယ်။ ချန်ရှီက မျက်လုံးမှိတ်လိုက်ပြီး လက်လျှော့လိုက်တဲ့ ပုံစံနဲ့ ပြောလိုက်တယ်။

''အမေပြောတာ ဟုတ်ပါတယ်။´´

'' အချိန်လည်း မစောတော့ဘူး။ ´´

''အမေလည်း ပြန်ပြီး အနားယူသင့်ပြီ။´´

သူမရဲ့သားနဲ့ ချွေးမလက်လျှော့တာကို မြင်တော့ အမေချန်က ထလိုက်ပြီး စိတ်ကျေနပ်စွာ ထွက်သွားတယ်။ အစေခံ ၇ယောက် ၈ယောက်လောက် နောက်ကလိုက်ပြီး ခေါင်းလှုပ် အမြှီးလှုပ်နဲ့ ကြည့်ရတာ အရှေ့ပင်လယ် နဂါးနန်းတော်က လိပ်အမတ်ကြီးနဲ့ တူတယ်။ သခင်မကယ်လည်း အမြန်လိုက်သွားတယ်။

စိတ်ထဲမှာတော့ သခင်မလေး ၄ ရဲ့ နေမကောင်းတဲ့ကိစ္စ ပြီးသွားပြီဆိုပြီး ပျော်နေတယ်။ ကြည့်ရတာ သခင်မရှောင်းက ကျွင်းကူးကို ကြောက်တုန်းပဲ။ ထပ်ပြီး မေးခွန်းတွေ မမေးရဲတော့ဘူး။ သူမက အရင်ရက်တွေတုန်းက စိုးရိမ်နေတာ ။ အရန်အကြောင်းပြချက်တောင် မသုံးရသေးဘူး။ ထွက်မသွားခင် သူမက သူမရဲ့ လူယုံတော် အိမ်တော်ထိန်းလီကို ''ကြည့် အကုန်အဆင်ပြေသွားပြီ´´ဆိုတဲ့ ဂုဏ်ယူတဲ့အကြည့်နဲ့ တစ်ချက်ကြည့်လိုက်တယ်။

အိမ်တော်ထိန်းလီကလည်း ပျော်ရွှင်နေတယ်။ ပြီးတော့ အမြန်ရှေ့တိုးပြီး ကူညီလိုက်တယ်။ဒါပေမဲ့ သူ့စိတ်ထဲမှာ ထူးဆန်းသလို ခံစားရတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ဒီလိုမျိုး ယောက္ခမနဲ့ ချွေးမကြား စစ်ပွဲတွေ မကြာခဏ ဖြစ်ခဲ့တယ်။ အများအားဖြင့်တော့ သခင်မရှောင်းက ဥ်ီးညွတ်တောင်းပန်တယ်။ ချန်ရှီက ကာကွယ်ပေးပြီး ကိုယ့်အမေနဲ့ အကြာကြီး စကားများကြတယ်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now